ဘရပ်ဆဲလ်မြို့ လုံခြုံရေး အမြင့်ဆုံးမြှင့်ထား

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရပ်ဆဲလ်မြို့လုံခြုံရေး အမြင့်ဆုံးမြှင့်ထား

ဘယ်ဂျီယံနိုင်ငံ မြို့တော်ဘရပ်ဆဲလ်မြို့ ဒေသတဝိုက်ရဲ့ လုံခြုံရေးအခြေနေကို အမြင့်ဆုံးအဆင့်မြှင့်တင်ထားပါတယ်။

လုံခြုံရေးအခြေနေသတိ်ပေးချက်ကိုလည်း အလွန်စိုးရိမ်ရတဲ့အခြေနေလို့ထုတ်ပြန်ထားပါတယ်။

မက်ထရိုမီးရထားဘူတာရုံတွေကို တနင်္ဂနွေနေ့မတိုင်မီအထိပိတ်ထားပြီး ကုန်တိုက်တွေနဲ့ ဖျော်ဖြေပွဲတွေအပါအဝင် လူစည်ကားနေရာတွေက်ို လူတွေ မသွားကြဖို့သတိပေးချက် ကြေညာချက် တစ်စောင်လည်းထုတ်ပြန်ထားပါသေးတယ်။

ဘယ်လ်ဂျီယံနိုင်ငံက အခြားဒေသတွေရဲ့လုံခြုံရေးအခြေနေကိုတော့ ပုံမှန်စိုးရိမ်ရတဲ့အခြေနေမှာဘဲ ထားထားပါသေးတယ်။၁၃၀သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုမှာပါဝင်တဲ့ အဓိကအကြမ်းဖက်သမားအချို့ဟာ ဘရပ်ဆဲလ်မြို့မှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။

တိုက်ခိုက်မှုနောက်ပိုင်း ဘရပ်ဆဲလ် မြို့မှာဖမ်းဆီးစစ်ဆေးမှုတွေဆက်တိုက်လုပ်ခဲ့ပြီး တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ၃ဦးကိုဖမ်းဆီးထားပါတယ်။ ဘောလုံးပွဲတွေနဲ့ အခြားပွဲတော်အချို ့ကိုလည်း တာဝန်ရှိသူတွေက ပယ်ဖျက်ဖို့ အစီအစဉ်တွေရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ