အီဂျစ်ပစ်ခတ်မှု ရဲလေးဦး သေဆုံး

Image caption ပစ်ခတ်မှုဖြစ်ပွားရာအနီးက ပိရမစ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်းမှာ မျက်နှာဖုံးဝတ်သေနတ်သမားတွေ ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်၄ဦး သေဆုံးခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပါတ်ရာ ဂီဇာဒေသ ဇိုဇာပိရမစ်အနားက စစ်ဆေးရေးဂိတ်ကို သေနတ်သမားတွေ ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရေး အဖွဲ့တွေဟာ အခင်း ဖြစ်ပွားရာနေရာကို ရောက်ရှိနေပြီး သေနတ်သမားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုလဲ ယူဆောင်သွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အီဂျစ်နိုင်ငံက အစ္စလာမ်မစ်သမ္မတမိုဟာမက် မော်ဆီကို စစ်တပ်ကရာထူဖြုတ်ချခဲ့ပြီးနောက် အစွန်းရောက်အဖွဲ့တွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ