မုံရွာအနီးက ကနီမှာ ငလျင်လှုပ်ခဲ့

ဓာတ်ပုံ မူပိုင် google
Image caption ကနီမြို့က စေတီ ပုထိုး ၄၀ လောက် ပျက်စီး ဆုံးရှုံး ခဲ့

နိုဝင်ဘာ ၂၇ ရက် မုံရွာမြို့အနောက်မြောက်ဘက် ၃၅ မိုင် အကွာကို ဗဟိုပြူပြီး အင်အား ရစ်ခ်ျစတာ စကေး ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ် ခဲ့ပြီး ညနေ ၆ နာရီမှာ လည်း ကနီမြို့အရှေ့မြောက်ဘက် ၁၇ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျစတာ စကေး ၄ ဒသမ ၅ အဆင့်ရှိတဲ့ မြေငလျင် တစ်ခု တစ်နေ့ထဲ နှစ်ကြိမ် လှုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ထဲမှာလှုပ်တဲ့၂၀၁၂ နိုဝင်ဘာ လ ရွှေဘို ငလျင်ပြီးရင် တော့ အင်အား ပြင်းတဲ့ ငလျင် လို့ပြောလိုရပေမဲ့ ရွှေဘို ငလျင် က လူ ၁၀ယောက် ကျော် သေဆုံးမှု ရှိခဲ့ပြီး အခု ငလျင် ကတော့ လူအသေပျောက် မရှိခဲ့ပါဘူး။

ကနီမြို့က စေတီ ပုထိုး ၄၀ လောက် ပျက်စီး ဆုံးရှုံး ခဲ့ရကြောင်း မြို့ထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန ကဒုတိယ အုပ်ချုပ်ရေး မှူး ဦးအောင်ထွန်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။

မန္တလေး တိုင်းထဲက မိုးကုတ် မြင်းခြံ သပိတ်ကျင်း ဒေသခံ တွေက ငလျင် လှုပ်တယ်လို့ ခံစား ခဲ့ရတယ်လို့သိရပေမဲ့ အပျက်အစီး မရှိခဲ့ပဲ ဘုတလင် မြို့မှာတော့ စေတီ ၂ ဆူ ပျက်စီး မှုရှိတယ် လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ