ရာသီဥတု ပြောင်းတဲ့ဒဏ် မြန်မာပြည်ထဲမှာလည်း ခံနေရ

myanmar_flooding_ ဓာတ်ပုံ မူပိုင် afp
Image caption တကမ္ဘာလုံး မိုး အများဆုံး ရွာသွန်း ခဲ့တဲ့ အထဲ ပါဝင် နေတာ ဖြစ်တာ ကြောင့် အင်မတန် ပြင်းထန် တဲ့ ရာသီဥတု ဒဏ် ကို ခံ စား ခဲ့ရတာ ဖြစ်တယ်။

ရာသီဥတု ညီလာခံ ပဲရစ်မြို့တော် မှာ ကျင်းပ နေစဉ်မှာပဲ ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ လာတဲ့ ဒဏ်ကို မြန်မာ နိုင်ငံ ထဲမှာလည်း တွေ့ကြုံ ခံစား နေရတယ် ဆိုပြီး ဝါရင့် မြန်မာ မိုးလေဝသ ပညာရှင် တစ်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်း တွေ က ပဲ တတိုင်းပြည် လုံး အနှံ့ ရေကြီးတဲ့ ဒဏ်ကို ခံခဲ့ရတာ မှာ ဒီနှစ် မြန်မာပြည် ထဲ ရွာသွန်း ခဲ့တဲ့ မိုး ရေချိန် ပမာဏ ဟာ အပူပိုင်း ဒေသ အတွက် သာမက တကမ္ဘာလုံး မိုး အများဆုံး ရွာသွန်း ခဲ့တဲ့ အထဲ ပါဝင် နေတာ ဖြစ်တာ ကြောင့် အင်မတန် ပြင်းထန် တဲ့ ရာသီဥတု ဒဏ် ကို ခံ စား ခဲ့ရတာ ဖြစ်တယ် ဆိုပြီး မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် က ဘီဘီစီ ကို ပြောပါတယ်။

ရာသီဥတု ပြောင်းလဲ နေတဲ့ ပြဿနာ ကို မြန်မာ နိုင်ငံ အပါအဝင် တကမ္ဘာ လုံးမှာ ခံစား နေရပြီ ဖြစ်တယ် ဆိုတဲ့ အချက်အလက် အပေါ် အာဏာပိုင် ယန္တယား အဆင့်ဆင့် နဲ့ ပြည်သူတွေ အကြား လက်ခံ အသိအမှတ် ပြုလာ အောင် လုပ်ဆောင် ဖို့ အရေးကြီးဆုံး ပဲလို့ ဦးထွန်းလွင် က ဆိုပါတယ်။

မြန်မာ နိုင်ငံ အတွင်း ပတ်ဝန်းကျင် ထိန်းသိမ်း ကိုင်တွယ် ရေး အတွက် နိုင်ငံခြား ကနေ အကူအညီ အထောက်အပံ့ တွေ ရရှိ နေပေမယ့် ပြည်တွင်းမှာ လက်တွေ့ လုပ်ဆောင် တဲ့ အခါ ပညာရှင် ရှားပါးတဲ့ ပြဿနာ အပါအဝင် အာဏာပိုင် တွေ ဘက်က ဒီ အရေး ဦးစားပေး လုပ်ဆောင်မှု အားနည်း တဲ့ အတွက် ထိရောက် သင့် သလောက် မထိရောက် နိုင်ပဲ ဖြစ် နေတယ် လို့ ဒေါက်တာထွန်းလွင် က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ