RCSS နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်

ဓာတ်ပုံ မူပိုင် AP
Image caption RCSS ကတော့ သူတို့ နယ်မြေ ဖြစ်တယ်လို့ ပြော ပါတယ်

ရှမ်းပြည်နယ် တောင်ပိုင်း ဒေသမှာ တအာင်း ပလောင် PSLF/TNLA တပ်ဖွဲ့ တွေနဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ၂၇ ရက်နေ့ ကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့ ရတယ်လို့ PSLF/TNLA ဘက်က ကြေညာချက် ထုတ်ပြန်ပြီး ဒါဟာ RCSS/SSA ဘက်က နယ်ကျော် လာလို့ ဖြစ်ရ တာလို့ ပြောကြား လိုက်ပါတယ်။

နောက်ပြီး RCSS/SSA ဘက်ကနေ အစိုးရ တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက် ခဲ့တာလို့လည်း TNLA ပြောခွင့်ရ မိုင်အိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် လည်း RCSS/SSA ဘက်ကတော့ TNLA ရဲ့ စွပ်စွဲ ချက်တွေဟာ မဟုတ်ဘူးလို့ ငြင်းဆို ပါတယ်။

သူ့တို့ ကိုယ်ပိုင် နယ်မြေ အတွင်း တပ်ဖွဲ့တွေ သွားလာ နေတာကို TNLA ဘက်က ချုံခို တိုက်ခိုက် ခဲ့တာလို့ RCSS/SSA ဗိုလ်မှူးကြီး စိုင်းလ ပြောကြား ပါတယ်။

အစိုးရ စစ်တပ် ဘက်က ကူညီ တိုက်တယ် ဆိုတာလည်း မဟုတ်ကြောင်း RCSS/SSA ဘက်က ပြောပါတယ်။