ကျောက်ဖြူ အထူးစီပွားရေးဇုံ သတ်မှတ်ဖို့ လွှတ်တော်ကို သမ္မတ စာပို့

_kyauk_phyu_pipe_line_china
Image caption ကျောက်ဖြူကနေ တရုတ်ပြည်ထိ သဘာ၀ ဓာတ်ငွေ့တွေ တင်ပို့နေတဲ့ ပိုက်လိုင်းလည်း ရှိနေ။

ရခိုင်ပြည်နယ် ထဲမှာ ကျောက်ဖြူ အထူး စီပွားရေး ဇုံ အဖြစ် သတ်မှတ်ပေးဖို့ ဒီဇင်ဘာ ၃ ရက် နေ့ ကပဲ သမ္မတ ဦးသိန်းစိန် ကနေ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ဆီကို စာရေးသား ပေးပို့ ခဲ့ ပါတယ်။

အစိုးရ သက်တမ်း ၃ လ ကျော်ပဲ ကျန်တော့ တဲ့ အချိန်မှာ အခုလို ကျောက်ဖြူ အထူး စီးပွားရေးဇုံ အဖြစ် လွှတ်တော် ကနေ တရားဝင် သတ်မှတ် တာကို အစိုးရ က လိုလား နေတာ ဖြစ်ပါတယ်။

အထူး စီးပွားရေးဇုံ ရဲ့ မြေနေရာ အကျယ်အဝန်းကို တိတိကျကျ သတ်မှတ် နိုင်ရင် သိမ်းထားတဲ့ မြေယာ တွေ အတွက် လျော်ကြေး ပေးတဲ့ ကိစ္စတွေ အပါအဝင် လိုအပ်တဲ့ ဘတ်ဂျက်ငွေ တွေ တောင်းခံ နိုင်အောင် အခုလို အစိုးရ ဘက်က လွှတ်တော် ကို တိုက်တွန်းတာ ဖြစ်နိုင်တယ် ဆိုပြီး ကြံခိုင်ရေး ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး က ဘီဘီစီ ကို ပြောပါတယ်။

ကျောက်ဖြူ အထူး စီးပွားရေးဇုံ ထဲမှာ ရေနက် ဆိပ်ကမ်း စီမံကိန်း ၂ခု၊ စက်မှုဇုံ စီမံကိန်း နဲ့ အဆင့်မြင့် အိမ်ရာ စီမံကိန်း တွေ ပါဝင်ပြီး မြေဧကစုစုပေါင်း ၄ ထောင့် ၂ရာ ကျော် ကျယ်ဝန်း မှာ ဖြစ်ပါတယ်။

ဒီ အထူး စီးပွားရေးဇုံ အကောင်အထည် ဖော်ဖို့ လုပ်ငန်း တင်ဒါတွေ ခေါ်ယူမှု လည်း ပြီးစီး နေပြီ ဖြစ်ပြီး အသေးစိတ် ညှိနှိုင်း ဆောင်ရွက် ဖို့သာ ကျန်တော့တယ် လို့ ကျောက်ဖြူ အထူး စီးပွားရေးဇုံ ဥက္ကဌ ဦးမြင့်သိန်းက ပြောပါတယ်။

တင်ဒါ ခေါ်ယူ မှုတွေ နဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်း မြင်သာမှု ရှိဖို့ ရခိုင် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် တွေ လိုလားကြ ပေမယ့် ကျောက်ဖြူ အထူး စီးပွားရေးဇုံ ဟာ ဒေသတွင်း နိုင်ငံတွေ အကြား အချက်အခြာ ကျကာ အင်မတန် အောင်မြင် လာနိုင်တယ် လို့ မျှော်လင့် နေကြ ပါတယ်။

ကျောက်ဖြူကနေ တရုတ်ပြည်ထိ သဘာ၀ ဓာတ်ငွေ့တွေ တင်ပို့နေတဲ့ ပိုက်လိုင်းလည်း ရှိနေသလို၊ ကျောက်ဖြူကနေ ယူနန်ပြည်နယ် ကူမင်း အထိ ရထားလမ်း ဖောက်မယ့် စီမံကိန်းလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ