ကျန်းမာရေး ကဏ္ဍ ဘာတွေ ပြင်ဖို့ လိုမလဲ

Image caption ၇၅ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူတွေ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့ လိုအပ်

မြန်မာ နိုင်ငံ အပြောင်းအလဲ အတွက် အရေးကြီးတဲ့ ကျန်းမာရေး ကဏ္ဍမှာ ဘယ်လို ပြုပြင်မှုတွေ လုပ်သင့်သလဲ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အရှေ့တောင် အာရှ ဒေသ ရုံးက ညွှန်ကြားရေးမှူး အငြိမ်းစား နဲ့ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဦးသန်းစိန်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်း မမီသေးတဲ့ ပြည်သူ လူထု ကို ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီအောင် အမြန်ဆောင်ရွက်ပေးဖို့ လိုကြောင်း ပြောကြားပါတယ်။

နောင် ၁၀ နှစ် အတွင်းမှာ ကျေးလက် ကျန်းမာရေး နဲ့ ပါတ်သက်လို့ ဌာနခွဲတွေ ဖွင်လှစ်ပြီး ဆောင်ရွက်ဖို့နဲ့ ဒီကိစ္စကို အဓိက ထားပြီး လုပ်မှ မှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ အခြားမြို့တွေမှာလည်း မြို့ပြ လူဦးရေး တိုးတက် များပြား လာတဲ့ အတွက် လူဦးရေနဲ့ ညီမျှတဲ့ ကျန်းမာရေး ဌာနတွေကိုလည်း တိုးချဲ့ဖို့ လိုအပ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကျန်းမာရေး စားရိတ်ကြီးမြှင့် နေတာနဲ့ ပါတ်သက်လို့ အစိုးရ အနေနဲ့ ကျန်းမာရေး ဘတ်ဂျက် ကို တိုးချဲ့ဖို့လိုပြီး နိုင်ငံခြား အဖွဲ့အစည်းတွေ နဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။

ဒေသတွင်းက အာဆီယံ နိုင်ငံတွေနဲ့ ကျန်းမာရေး ကဏ္ဍမှာ ရင်ပေါင်တန်း နိုင်ဖို့ ဆိုရင် နိုင်ငံတွင်းက ဆေးရုံကြီးတွေကို နိုင်ငံခြား အကူအညီ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

လောလောဆယ် မြန်မာ နိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး နည်းပါးနေတာနဲ့ ပါတ်သက်လို့ ဆေးပညာကောင်စီက ဝင်ရောက် ဖြေရှင်း ပေးဖို့ လိုအပ်သလို အခြား ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း လေ့ကျင့်မှု တွေ ပေးဖို့ လိုအပ်ကြောင်း ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ