NLD ကို ဝန်းရံခဲ့သူ ဆိုက္ကားဆရာတွေနဲ့ ပါတီ ဥက္ကဌ တွေ့ဆုံမယ်

_nld_trishaw
Image caption အနှေးယာဉ် လုပ်သား တွေ ကို ကိုယ်စားပြု နိုင်တဲ့ အစည်းအရုံး တစ်ခု သတ်သတ်မှတ်မှတ် ပေါ်ပေါက် လာစေချင် တယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အတွက် တက်တက်ကြွကြွ ပါဝင် လှုပ်ရှား ခဲ့တဲ့ ဆိုက္ကားဆရာ တွေ ထဲက မြို့နယ် အသီးသီး အတွက် ကိုယ်စားလှယ် တွေ ကို မဲဖောက် ရွေးချယ် လို့ ဒီဇင်ဘာ ၂၆ ရက်နေ့ မှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ကြဖို့ ရှိနေပါတယ်။

မဲပေါက် ခဲ့တဲ့ ကိုယ်စားလှယ် တချို့ နဲ့ ဘီဘီစီ က တွေ့ဆုံ ခဲ့တာ မှာ သူတို့ရဲ့ လက်ရှိ အခြေအနေ တွေ အပါအဝင် မျှော်လင့် ထားတဲ့ အနာဂတ် အပြောင်းအလဲ တွေ ကို အသီးသီး ပြောဆို ခဲ့ကြပါတယ်။

အားလုံး လိုလို ဟာ ကိုယ်ပိုင် ဆိုက္ကား မဟုတ်ကြပဲ အငှား နင်း နေကြရတာ ဖြစ်ပြီး အုံနာခ နဲ့ စားစရိတ် နှုတ်ပြီးရင် အိမ် အတွက် နှစ်ထောင်မျိုး သုံးထောင် မျိုး လောက်ပဲ ကျန် တယ်လို့ ဆိုကြ ပါတယ်။

ဒါ့ကြောင့် တစ်နေ့ နားလိုက်ရင် နောက်တစ်နေ့ စားစရာ မရှိ ဖြစ်ရတဲ့ အတွက် တစ်နေ့မှ မနား နိုင်ဘူး ဆိုပြီး ပြောကြ ပါတယ်။

အနှေးယာဉ် လုပ်သား တွေ ကို ကိုယ်စားပြု နိုင်တဲ့ အစည်းအရုံး တစ်ခု သတ်သတ်မှတ်မှတ် ပေါ်ပေါက် လာစေချင် တယ် ဆိုပြီး လှိုင် မြို့နယ် က မဲပေါက် ထားတဲ့ ဦးတင်ထွန်း က ဆိုပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ကြတဲ့ အခါ ဒီလို အစည်းအရုံး မျိုး ပေါ်ပေါက် လာဖို့ အကူအညီ တောင်းခံမယ်လို့ သူက ပြောပါတယ်။

သူတို့ အနေနဲ့ ကိုယ်ဘဝ ကိုယ် ရပ်တည် အသက်မွေး ရာမှာ အနှိမ်ခံ မဟုတ်ပဲ လုပ်ကိုင် စားသောက် လိုတယ် လို့ ပြော ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ