နယ်စပ်ကုန်သွယ်ရေး ချောမွေ့ဖို့ မှောင်ခိုဖမ်းတဲ့ ရွေ့လျားအဖွဲ့ကို ဖျက်သိမ်း

_china_burma_boder
Image caption Mobile team အနေနဲ့ နယ်စပ် ကုန်သွယ်ရေး ကို လမ်းကြောင်းမှန် ပေါ် ရောက်အောင် လုပ်သင့် သလောက် လုပ်ဆောင် ပေးခဲ့ပြီ ဖြစ်တယ်လို့ အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက ပြော။

တနိုင်ငံလုံး နယ်စပ် ဝင်ပေါက်တွေက မှောင်ခို ကုန်သွယ်မှု တွေကို တိုက်ဖျက်ဖို့ ထားရှိတဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီ ကို သမ္မတရုံး အမိန့်နဲ့ ဒီဇင်ဘာလ (၃၀)ရက်နေ့ကနေ စလို့ တရားဝင် ဖျက်သိမ်း လိုက်ပြီ ဖြစ်တယ် လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နယ်စပ် ကုန်သွယ် စီးစင်းမှု လျှင်မြန် ချောမွေ့ စေရေး ကို ရှေ့ရှုပြီး အခုလို Mobile team လို့ ခေါ်တဲ့ ရွေ့လျားအဖွဲ့ ကော်မတီ ကို ဖျက်သိမ်း လိုက်တာ ဖြစ်တယ် ဆိုပြီး စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ဆိုပါတယ်။

Mobile team အနေနဲ့ နယ်စပ် ကုန်သွယ်ရေး ကို လမ်းကြောင်းမှန် ပေါ် ရောက်အောင် လုပ်သင့် သလောက် လုပ်ဆောင် ပေးခဲ့ပြီ ဖြစ်တယ်လို့လည်း ဦးဝင်းမြင့် က ပြောပါတယ်။

မှောင်ခိုကုန် တွေ ကို ထိန်းချုပ် ဖို့ အကောက်ခွန် နဲ့ ပြည်ထဲရေး ဌာနတို့က ဆက်လက် လုပ်ဆောင် သွားကြလိမ့်မယ် လို့လည်း ဆိုပါတယ်။

Mobile team တွေ ရှိတုန်းကလည်း ခရီးသည်တင် ကားလေး တွေ လောက်ကို သာ ပစ်မှတ် ထား စစ်ဆေး တာ မျိုး လုပ်ဆောင်ပြီး ကားကြီးတွေ နဲ့ အစင်းလိုက် သွင်းတာမျိုး ကို ထိရောက် အောင် ဟန့်တား မပေး နိုင် ဘူး လို့ မူဆယ် မြို့က ကုန်သည် တစ်ဦးက ဝေဖန် ပါတယ်။

အဲဒီ့ ဝေဖန်မှု အပေါ် ဦးဝင်းမြင့် က ငြင်းပယ်ပြီး Mobile team ဖမ်းဆီး ခဲ့တဲ့ သစ် အပါအဝင် မှောင်ခို ခိုးထုတ်တဲ့ ကားကြီးတွေ အများအပြား ရှိခဲ့တယ် လို့ ဆိုပါတယ်။

သမ္မတ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ mobile teamဟာ ပြီးခဲ့တဲ့ (၃)နှစ်တာ ကာလအတွင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တွေက သာမက လေဆိပ် ရေဆိပ် တွေက ဝင်လာတဲ့ ကျပ် ဘီလျံ (၄၀)ကျော် တန်ဖိုးရှိတဲ့ မှောင်ခို ကုန်ပစ္စည်းတွေ ဖမ်းဆီး ခဲ့တယ် လို့ စီးပွား ကူးသန်းဝန်ကြီး ဌာနက ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ