ကာလုံ ဥပဒေကြမ်း ဒီလွှတ်တော် မတင်တော့

hluttaw
Image caption ကာလုံ ဥပဒေ အမျိုးသား လွှတ်တော်မှာ ဖြန့်ဝေခဲ့

အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ ဥပဒေကြမ်း ကို လက်ရှိကျင်းပနေတဲ့ လွှတ်တော် သက်တမ်း မှာ မတင်တော့ဘူး လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဘီဘီစီကို ပြောပါတယ် ။

သမ္မတ ကို မဲပေးခွင့် ကန့်သတ်ချက် ပါတဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ ဥပဒေကြမ်းကို ဒီဇင်ဘာလ ဒုတိယ အပတ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တွေကို ဖြန့်ဝေခဲ့ပါတယ် ။

ဒီလို ဖြန့်ဝေခဲ့ပေမယ့် အခုချိန်မှာ အချိန် မလောက်တော့တဲ့ အတွက် ဒီဥပဒေကို လွှတ်တော်ကို မတင်တော့ ဘူးလို့ ဦးခင်အောင်မြင့် က ပြောပါတယ် ။

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အဆင့်မြင့် အဖွဲ့ပါ။

ဒီကောင်စီမှာ ၁၁ ဦး ပါဝင်ပြီး တပ်မတော် ဘက်က ၆ ဦးနဲ့ အရပ်ဘက်က ၅ ဦး ပါဝင်ပါတယ် ။

ဒီဥပဒေ ကြမ်းအရ သမ္မတကိုမဲပေးခွင့် ကန့်သတ် တာထားတာဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်တဲ့သဘောဖြစ်နေပါတယ် ။

ဖွဲ့စည်းပုံ အရ တပ်မတော် ဘက်က အသာရ နေတဲ့အတွက် ဒီဥပဒေကြမ်း ဟာ မပြဋ္ဌာန်းသင့်တဲ့ ဥပဒေလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆို နေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ