ရပ်/ကျေး အုပ်ချုပ်ရေးမှုး တွေ ရွေးချယ်တာ ဥပဒေနဲ့ မညီ ဆိုပြီး ဝေဖန်နေ

ဓာတ်ပုံ မူပိုင် AP
Image caption အရင် သက်တမ်းတုန်းက လွှတ်တော် ခေါ်ပြီးမှ အုပ်ချုပ်ရေးမှူး ရွေးတာမို့ အခု လုပ်ရပ်ဟာ မေးခွန်းထုတ်စရာ ဖြစ်တယ် လို့ ဦးဝင်းထိန် ပြော။

မြန်မာ နိုင်ငံ အနှံ့ ရပ်ကွက် ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူး တွေကို ရွေးချယ် နေတဲ့ အပေါ် ဥပဒေနဲ့ မညီ ဘူး ဆိုပြီး ဝေဖန် နေကြ သလို ရွေးချယ် တဲ့ အခါမှာ လည်း အစိုးရ နဲ့ နီးစပ် သူတွေ ကိုသာ ရွေး နေ တယ် ဆိုပြီး ဝေဖန် နေကြပါတယ်။

ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ကို ပြည်သူ့ လွှတ်တော် က မကြာခင် က မှ ပြင်ဆင် ခဲ့တာ မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းကို လွှတ်တော်သက်တမ်း အစား သမ္မတ သက်တမ်း အတိုင်း ဆိုပြီး ပြင်ဆင် ထားပါတယ်။

အမျိုးသား လွှတ်တော် ကပါ အဲဒီ့ ပြင်ဆင်ချက် အတည်ပြု ပြီးရင် တော့ သမ္မတထံ တင်သွင်း ရမှာ ဖြစ်ပြီး သမ္မတ လက်မှတ် ထိုးမှ ဥပဒေ သက်ဝင် လာမှာ ဖြစ်ပါတယ်။

အခုလို အရင် အတည်ပြု ထားတာနဲ့ နောက် ပြင်ဆင်တာ အတည် မဖြစ်သေးခင် အားချင်း ရွေးချယ် နေတာဟာ အရင် ဥပဒေနဲ့ ကြည့်လည်း ဥပဒေနဲ့ မညီသလို၊ နောက် ပြင်ဆင်တဲ့ ဥပဒေ အရလည်း မကိုက်ညီဖူး ဆိုပြီး နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ပြ နေကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန် ကတော့ အရင် သက်တမ်းတုန်းက လွှတ်တော် ခေါ်ပြီးမှ အုပ်ချုပ်ရေးမှူး ရွေးတာမို့ အခု လုပ်ရပ်ဟာ မေးခွန်းထုတ်စရာ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဝေဖန် မှု တွေ ကြားထဲက ပဲ တိုင်းနဲ့ ပြည်နယ် တွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တွေ ဆက်လက် ရွေးချယ် နေကြပါတယ်။

ဒီလို ရွေးချယ် တဲ့ အခါမှာလည်း ရပ်ရွာ လူထု ကို ပါဝင် ပတ်သက် စေခြင်း မရှိပဲ၊ လက်ရှိ အစိုးရနဲ့ နီးစပ်သူတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး တွေ အဖြစ် လက်သိပ်ထိုး ရွေးသွား ခဲ့ ကြတယ် ဆိုပြီး တိုင်းနဲ့ပြည်နယ် အတော် များများမှာ ဝေဖန် နေပါတယ်။

မန္တလေးတိုင်း မလှိုင်မြို့နယ် ထဲ ကန့်ကွက် လာခဲ့တဲ့ တချို့ ကျေးရွာ တွေ မှာတော့ သက်ဆိုင် ရာက ပြန်ရွေးပေးတာ မျိုးတွေ လုပ်ဆောင် ခဲ့တယ် ဆိုပြီးတော့ မလှိုင် မြို့ခံ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း အဖွဲ့အစည်း က ကိုသက်နိုင်ဝင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ