မင်္ဂလာစျေး ဒုတိယ အကြိမ် မီးလောင်

Image caption ပျက်စီး ဆုံးရှုံးမှု တန်ဖိုးက ကျပ်သိန်းပေါင်း သုံးသောင်း ခြောက်ထောင် ကျော် (ဓါတ်ပုံ-လင်းဘိုဘို EPA)

ဇန္နဝါရီလ ၉ ရက်နေ့ မနက် ၁ နာရီ ကျော် အချိန်မှာ ရန်ကုန်မြို့က မင်္ဂလာဈေး မှာ ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပါတယ်။

မီးလောင် ကျွမ်းမှုကြောင့် မင်္ဂလာဈေးရဲ့ ၄ ထပ် နဲ့ ၅ ထပ် တို့ဟာ လုံးဝ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဆိုင်ခန်း ပေါင်း ၁၆၀၀ ကျော် မီးဘေး သင့်ခဲ့ရပါတယ်။

မင်္ဂလာဈေး မှာ ကျင်းပတဲ့ တရားပွဲ အပြီး တံခါးတွေကို ပြုပြင်ဖို့ ဂဟေဆော် ရာမှ စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ က တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနက် ၁ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို မနက် ၅ နာရီမှာ ထိန်းသိမ်း နိုင်ခဲပြီး စားသောက် ဆိုင်ခန်းတွေက ဂတ်စ်အိုး တွေ ပေါက်ကွဲမှုကြောင့် မီးလောင် ကျွမ်းမှုကို ပိုမို ပြင်းထန် စေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ကလည်း ပထမအကြိမ် မီးလောင်ကျွမ်းခဲ့ဖူးပြီး အခုတစ်ချိန် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးက ကျပ်သိန်းပေါင်း သုံးသောင်း ခြောက်ထောင် ကျော် တန်ဖိုး ရှိကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ မီးလောင် ပျက်စီးလို့ ဆုံးရှုံးခဲ့ရတဲ့ ဆိုင်ခန်း တွေကို ရွှေမင်္ဂလာ ဈေးသစ်ကြီးရဲ့ ကားရပ်နား စခန်းမှာ ယာယီ ဆိုင်ခန်း နေရာချထား ပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ