တရုတ်ကို သစ်ရောင်းဖို့ ဆွေးနွေးမှု မပွင့်လင်း

Burma Logs ဓာတ်ပုံ မူပိုင် AFP
Image caption တရားမဝင် သစ်ခိုးထုတ်မှုကြောင့် မြန်မာ့ သစ်တောတွေ ပြုန်းတီးနေ

မြန်မာ နိုင်ငံက သစ်တွေ တရုတ်နိုင်ငံကို တရားဝင် ရောင်းချနိုင်ဖို့ အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် နှစ်နိုင်ငံ ကြား ဆွေးနွေးမှုတွေဟာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ အဖွဲ့ အစည်း ၁၃၉ ဖွဲ့က ထုတ်ဖော် ပြောဆိုပြီး ကန့်ကွက်လိုက်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တာတွေ မရှိတဲ့ အတွက် လက်မှတ်ထိုးဖို့ စောလွန်း နေသေးတယ်လို့ လည်း လူထု အခြေပြု အရပ်ဖက် အဖွဲ့ အစည်းတွေက ပြောကြပါတယ်။

အဲဒီ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် ငွေကြေး ထောက်ပံ့ ပေးနေတယ်လို့ ဆိုတဲ့ Blue Moon Fund အဖွဲ့ကို အဲဒီ အဖွဲ့တွေက လက်မှတ်ရေးထိုး ကန့်ကွက် ကြတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် Blue Moon Fund အဖွဲ့က ကုန်ကျစရိတ် ထောက်ပံ့တယ်လို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

တရုတ်နဲ့ မြန်မာ နိုင်ငံကြား တရားဝင် သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို နေပြည်တော်မှာ လုပ်ခဲ့တုန်းက အရပ်ဖက် အဖွဲ့ တချို့ကို ဖိတ်ခဲ့ပေမဲ့ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ခဲ့တာတွေ မရှိခဲ့ဘဲ စာချွန်လွှာ လက်မှတ် ထိုးနိုင်ရေး လုပ်ဆောင်မှုဟာ နယ်တွေက အရပ်ဖက် အဖွဲ့တွေကို သံသယတွေ တိုးပွား စေတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် သစ်တောထွက် ပစ္စည်းတွေကို ပြုပြင် ထုတ်လုပ်တဲ့ စက်မှုဇုန်တွေ ထူထောင်သွားမယ်ဆိုရင် ဒေသတွင်းမှာ ပိုမို နစ်နာစရာ ရှိတယ်လို့ ဒေသခံတွေက ယုံကြည် နေတယ်လို့လည်း သူက ပြောပါတယ်။

သူတို့မြေတွေသိမ်းမှာ၊ သစ်တောထွက် ပစ္စည်းတွေ ပိုဆုံးရှုံးမှာနဲ့ ဒါနဲ့ ပတ်သက်လို့ စစ်ရေး အရ အရေးယူမှုတွေ ဖြစ်လာ မလားလို့ စိုးရိမ် နေကြတာ လို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

အခုလို တောင်းဆိုမှုကြောင့် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲ ပြုလုပ်ပြီး အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ