ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒီကနေ့ စမယ်

peace_conference
Image caption ညီလာခံ မှာ မပါဝင်ပဲ ကျန် နေ တဲ့ အဖွဲ့တွေ ကို ဘယ်လို ဘယ်ပုံ အပါ ခေါ် နိုင်မလဲ ဆိုတာ တွေ ကို တရုတ် အထူး ကိုယ်စားလှယ် ဆန်ကူချန်း က အကြံပြု။

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် နေ့ မှာ ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နေပြည်တော်မှာ စတင် ဖို့ ရှိ နေပါတယ်။

ဒီ ညီလာခံမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ကို လက်မှတ် ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ နဲ့ အစိုးရ စစ်တပ် အပါအဝင် အုပ်ချုပ်ရေး နဲ့ ဥပဒေပြု အာဏာပိုင် အဖွဲ့တွေ က ကိုယ်စားလှယ် တွေ၊ နိုင်ငံရေး ပါတီ က သူတွေ နဲ့ ကျင်း ပ ကြဖို့ စီစဉ် ထားပါတယ်။

ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမယ့် တစ်ရက် အလို မှာပဲ အစိုးရ ကိုယ်စားလှယ် အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ ဦးဆောင် ပြုလုပ် ခဲ့သူ တစ်ဦး ဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းကို တရုတ် နဲ့ ဂျပန် နိုင်ငံက အထူး ကိုယ်စားလှယ် တွေ ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ သမ္မတ ရုံးမှာ လာရောက် တွေ့ဆုံ ခဲ့ကြ ပါတယ်။

ညီလာခံ မှာ မပါဝင်ပဲ ကျန် နေ တဲ့ အဖွဲ့တွေ ကို ဘယ်လို ဘယ်ပုံ အပါ ခေါ် နိုင်မလဲ ဆိုတာ တွေ ကို တရုတ် အထူး ကိုယ်စားလှယ် ဆန်ကူချန်း က အကြံပြု ခဲ့တယ် ဆိုပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာ က ဦးအောင်နိုင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

NCA လက်မှတ် မရေး ထိုးထားတဲ့ အဖွဲ့တွေ ဖြစ်တဲ့ ကချင် လက်နက်ကိုင် KIA၊ မွန်ပြည်သစ် ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP အဖွဲ့၊ KNPP ကရင်နီ အဖွဲ့ ၊ UWSA ဝတပ် နဲ့ မိုင်းလား အဖွဲ့ စသဖြင့် ငြိမ်းချမ်းရေး ညီလာခံ မှာ မပါဝင် ဖို့ ဆုံးဖြတ် ထားတဲ့ လက်နက်ကိုင် အဖွဲ့ တွေ လည်း အများအပြား ရှိ နေ ပါတယ်။

ဒါ့အပြင် ကချင်၊ ရှမ်း နဲ့ ရခိုင် တို့လို့ တိုင်းရင်းသား နယ် မြေ တွေ မှာ တိုက်ပွဲ တွေ ရှိနေခဲ့တဲ့ အတွက် မြန်မာ့ နိုင်ငံရေး လေ့လာသူ တွေ က အခု ကျင်းပမယ့် ညီလာခံ ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်း နိုင်ပါ့မလား ဆိုပြီး ဝေဖန် သုံးသပ် ထားမှု တွေ လည်း ရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ