မြန်မာ ၄ ဦး အတွက် ထိုင်း အထူးစုံစမ်းရေးဌာန ကို တိုင်ကြား

Image caption မိခင် ၂ ဦးနဲ့ အမဖြစ်သူတို့က ဘန်ကောက်မြို့က မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ ဒီအက်စ်အိုင် အထူးမှုခင်းစုံစမ်းရေးဌာနကို သွားရောက်တိုင်ကြားတာဖြစ်

ထိုင်းနိုင်ငံ ရနောင်းမြို့က လူသတ်မှုစွပ်စွဲခံရတဲ့ မြန်မာလုပ်သား ၄ ဦး ကို မတရားဖမ်းဆီးနှိပ်စက်ခံရတာဖြစ်တယ်ဆိုပြီး အမေနဲ့အစ်မဖြစ်သူတွေက ဘန်ကောက်မြို့ မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့နဲ့ အထူးမှုခင်းစုံစမ်းရေးဌာနကို ဇန်နဝါရီလ ၁၂ ရက်နေ့က သွားရောက်တိုင်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်က အသတ်ခံရခဲ့ရတာနဲ့ပတ်သသက်ပြီး မြန်မာရေလုပ်သား မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနဲ့ ဝေလင်းတို့ကို ရနောင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးချိန်မှာ ရိုက်နှက်ပြီး ဝန်ခံခိုင်းစေခဲ့တယ်တာကြောင့် အဖမ်းခံရသူ မိခင် ၂ ဦးနဲ့ အမဖြစ်သူတို့က ဘန်ကောက်မြို့က မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ ဒီအက်စ်အိုင် အထူးမှုခင်းစုံစမ်းရေးဌာနကို သွားရောက်တိုင်ကြားတာဖြစ်ပါတယ်။

မြန်မာရေလုပ်သား ၄ ယောက်အမှုကို FED ပညာရေးနဲ့ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း က ကူညီဆောက်ရွက်နေတာဖြစ်ပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်ကြားခဲ့တာကြောင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ရနောင်းကို သွားရောက်ပြီးကွင်းဆင်း လေ့လာမှာဖြစ်တယ်။

မြန်မာသံရုံးအနေနဲ့ကလည်း လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကူညီဆောင်ရွက်ပေးတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ဒီအမှုကိုတော့ ထိုင်းလူ့အခွင့်အရေးရှေ့နေများအစည်းအရုံးကရှေ့နေ၊ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေနဲ့ FED က ရှေ့နေတို့ စုပေါင်း အကျိုးဆောင် ကြမှာဖြစ်တယ် လို့ ဦးထူးချစ်ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ