Tuborg ဘီယာ တူးပို့ နဲ့ မကြော်ငြာဖို့ မြို့မ တောင်းဆို

Image caption တူးပို့ ဆိုတဲ့ စကားလုံးကို မသုံးဖို့ အတိအလင်းပြောတဲ့ ကြားက ဈေးကွက် ပေါ် ရောက်လာ တယ်လို့ မြို့မ မိသားစုကပြော

မြန်မာတို့ရဲ့နှစ်သစ်ကူး သင်္ကြန်ရောက်တိုင်း လူတိုင်းပါးစပ်ဖျား ရေးပန်း စား နေဆဲ ဖြစ်တဲ့ တူးပို့သီချင်း ခေါင်းစဉ်ကို ဒိန်းမတ်နိုင်ငံထုတ် Tuborg ဘီယာက မြန်မာ စာသား တူးပိုးနဲ့ မြူးစို့ဆိုပြီး ဘီယာပုလင်းတွေ သံဗူး တွေမှာ တံဆိပ် ရိုက်နှိပ် ဖြန့် ချီလို့ ဆိုပြီး တူးပို့ သီချင်းရဲ့ သခင်ဖြစ်တဲ့ မြို့မငြိမ်းရဲ့ မိသားစု တွေက ဒီစာသား ဖျက်မပေးရင် တရားစွဲမယ်လို့ ပြောပါတယ်။

တူးပို့ ဆိုတဲ့ အဘိဓါန်မှာ မရှိဘဲ မြန်မာ အားလုံး ပါးစပ်ထဲမှာ ရှိနေတဲ့ စကားလုံးကို ဘီယာကုမ္ပဏီဖြစ်တဲ့ Tuborg က တူးပို့ ဘီယာဆိုပြီး မြန်မာပြည်ထဲမှာ ဖြန့်နေလို့ မြို့မငြိမ်းမိသားစုနဲ့ မြို့မအဖွဲ့သားတွေက သတင်းစာ ရှင်းလင်းပွဲ တရပ်လုပ်ပြီး ကန့်ကွက်လိုက်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဆရာမြို့မငြိမ်းရဲ့သားဖြစ်သူ မြို့မဦးရွှန်းမြိုင်ကမြန်မာ တမျိုးသားလုံး အသိအမှတ် ပြုထားတဲ့ တူးပို့ သင်္ကြန် သီချင်းကို ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနဲ့ ဆရာမြို့မငြိမ်းရဲ့မိသားစုတွေ ၄ကြိမ် တွေ့ဆုံပြီးခဲ့ဖူး ပေမယ့် မိသားစု ဘက်က တူးပို့ ဆိုတဲ့ စကားလုံးကို မသုံးဖို့ အတိအလင်းပြောတဲ့ ကြားက ဈေးကွက် ပေါ် ရောက်လာလို့ ကန့်ကွက်ရတာဖြစ်တယ်လို့လည်း ဦးရွှန်းမြိုင်က ပြောပါတယ်။

မြို့မငြိမ်းရဲ့ မြေးလည်းဖြစ် ပန်းချီပေါ်ဦးသက်ရဲ့သားလည်းဖြစ်တဲ့ ကိုဇော်မျိုးဦးက ကုမ္ပဏီအနေနဲ့ တပတ်အတွင်း တူးပို့ ဆိုတဲ့ မြန်မာလိုရေးထားတဲ့ နာမည်ကို ဖျက်မပေးရင် နိုင်ငံတကာအဆင့်ထိ တရားစွဲဆိုဖို့ ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။ ယဉ်ကျေးမှု ဆိုင်ရာ စကားလုံး တစ်ခု ကို မလျော်မကန် အသုံးမပြုဖို့ ခုခံ ကာကွယ်ရမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

Tuborg ဘီယာဖြန့်ဝေတဲ့ Carlsberg ကုမ္ပဏီရဲ့ အရောင်း မန်နေဂျာ Mrs Birgitte Weeke ကတော့ ကုမ္ပဏီကြောင့် ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေတာမျိုး မရှိ စေချင်ဘဲ မြို့မငြိမ်း မိသားစုနဲ့ အမြန်ဆုံးဆက်သွယ်ပြီး ဒါကို ဘယ်လို အကောင်း ဆုံး အသင့်တော်ဆုံးနည်းတွေနဲ့ ဖြေရှင်းမလဲ ဆိုတာ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

တရားစွဲတဲ့ အဆင့်ရောက်ပြီ ဆိုရင် အမှုနိုင်ဖို့ မနိုင်ဖို့ ဆိုတာထက် မြို့မရဲ့ ဂုဏ်သိက္ခာနဲ့ တူးပို့ဆိုတာ ဘီယာ မဟုတ်ဘူး ဆိုတာ အများပြည်သူသိဖို့ လုပ်ဆောင်တာသာဖြစ်တယ်လို့ မြို့မ အသိုင်းအဝိုင်းက ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ