ငြိမ်းချမ်းရေး ညီလာခံ အခြေခံ ဥပဒေ ပြင်ဖို့ သဘောတူ

Image caption ပြည်ထောင်စု စနစ် ကို တည်ထောင် ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်း တွေကို ဆွေးနွေး

၅ ရက်ကြာ ကျင်းပ ခဲ့တဲ့ ပထမ ဦးဆုံး အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်း မှာ ပြီးဆုံး ခဲ့ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲတွေ နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကို ၃ နှစ် ကနေ ၅ နှစ် အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲမှာတော့ ညီလာခံ တက်ရောက် လာကြတဲ့ အစု အဖွဲ့ အားလုံးက ဒီမိုကရေစီ နဲ့ ဖက်ဒရယ် စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု စနစ် ကို တည်ထောင် ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်း တွေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဖက်ဒရယ် စနစ်ဖွဲ့စည်းမှု မှာတော့ တပ်မတော်သား အစုအဖွဲ့၊ NLD နဲ့ကြံခိုင်ရေး ပါတီတို့ကတော့ လက်ရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခု အတိုင်း ထားရှိဖို့ ဆွေးနွေး ခဲ့ပေ မယ့် တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် အချို့ကတော့ ၈ ပြည်နယ် အခြေခံပြီး ဖွဲ့ စည်းဖို့ တင်ပြခဲ့ပါတယ်။

အဆိုပါ တင်ပြချက်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နဲ့အဓိက ကွဲလွဲတဲ့အချက်ဖြစ်ပြီး ဒုတိယ အကြိမ်ညီလာခံမှာ အကြိတ်အနယ် ဆွေးနွေး ညှိနှိုင်းရမဲ့အချက်လို့လဲ တိုင်း ရင်းသားခေါင်းဆောင်တွေကပြောပါတယ်။

အခု ၅ ၇က်တာကျင်းပခဲ့တဲ့ညီလာခံ မှာတော့ တပ်မတော်ရဲ့သဘောထားကိုသိခဲ့၇ပြီး နောက်ဆွေးနွေးပွဲတွေမှာ တပ်မတော်ဟာ အဓိက ဆွေးနွေးဖက် ဖြစ်လာ လိမ့်မယ်လို့ရခိုင်အမျိုးသား ပါတီ အကြီးအကဲဦးလှစောက ပြောပါတယ်။

၅ ရက်တာကျင်းပတဲ့ညီလာခံကတော့ ဒီကနေ့မှာပြီးဆုံးခဲ့ပါပြီ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ နောက်ဆုံး ညီ်လာခံဖြစ်သလို့ NCA စာချုပ်ပါ အချိန်ဇယား အတိုင်း ကျင်းပ နိုင်ခဲ့ပါတယ် ညီလာခံက နေ မတူညီတဲ့ အမြင် သဘောထား တွေကိုသိခွင့်ရခဲ့ပေမဲ့ဆွေးနွေးစရာတွေကတော့များစွာရှိနေပြီး ဒါတွေကို နောက်တက်လာမယ့် အစိုးရ အနေနဲ့ ဆက်လက် လုပ်ဆောင် သွားရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ