တရုတ်အထိ သွယ်ယူနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဝေဖန်နေ

myanmar_china_gas_pipe_line
Image caption တောင်သူတွေ ဆီကနေ ခေါင်းစဉ် အမျိုးမျိုး အတပ်ပြီး ငွေတွေ ပြန်လည် ဖြတ်တောက် ယူကြတဲ့ ပမာဏ ဟာ သိန်း ထောင် ဂဏန်း နီးပါး ရှိ။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ကနေ တရုတ် ပြည် ယူနန် နယ် ထဲ အထိ သွယ်တန်း နေတဲ့ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ကြောင့် သိမ်းဆည်း ခံ ခဲ့ရတဲ့ စိုက်ပျိုး မြေ တွေ အတွက် လျော်ကြေး ကိစ္စ တွေ မှာ ဒေသ ခံ အာဏာပိုင် တွေ ပါဝင် ပတ်သက် နေတဲ့ အကျင့်ပျက် ခြစားမှု တွေ အများကြီး တွေ့ နေရတယ် ဆိုပြီး စောင့်ကြည့်ရေး အဖွဲ့ တစ်ခု က စွပ်စွဲ ပြစ်တင် လိုက် ပါတယ်။

လျော်ကြေး ရရှိ ခဲ့ကြတဲ့ တောင်သူတွေ ဆီကနေ ခေါင်းစဉ် အမျိုးမျိုး အတပ်ပြီး ငွေတွေ ပြန်လည် ဖြတ်တောက် ယူကြတဲ့ ပမာဏ ဟာ သိန်း ထောင် ဂဏန်း နီးပါး ရှိတယ် ဆိုပြီး မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ က ပြောပါတယ်။

ဒါ့အပြင် တကယ် စိုက်ပျိုး စားကြရတဲ့ ဓားမဦးချ တောင်သူ တွေ ဟာ နာမည် မပေါက် လို့ ဆိုပြီး လျော်ကြေး မရ ကြပဲ အခွင့် အာဏာကို အသုံးပြု ပြီး ဦးပိုင် နာမည် ပေါက်အောင်လုပ် ငွေ ထုတ်ယူ ကြတဲ့ ဖြစ်ရပ် မျိုးတွေ လည်း ရှိနေတယ် လို့ ဆိုပါတယ်။

အခုလို အာဏာပိုင် တွေ ရဲ့ အကျင့်ပျက် မှု တွေ အပြင် ပေတစ်ရာ နီးနီး ပိုက်လုံး လမ်းကြောင်း အကျယ် ရှိတဲ့ စီမံကိန်းကြောင့် မြန်မာ နိုင်ငံ ထဲမှာ သဘာဝ ပတ်ဝန်းကျင် တွေ ပျက်စီး ရသလို၊ မြေဆီလွှာ ဆုံးရှုံး မှုတွေ လည်း ဖြစ်ပေါ် စေတယ် ဆိုပြီး အဲဒီ့ စောင့်ကြည့်ရေး အဖွဲ့ က ပြောပါတယ်။

ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဟာ ဆိုရင် ရခိုင် ပြည်နယ် ကနေ၊ မကွေးတိုင်း၊ မနွတလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းပြီး ယူနန် အထိ ဆက်သွယ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ