အစိုးရ ဦးဆောင်မဖွဲ့ရရင် အတိုက်အခံ အဖြစ်နေမယ်လို့ ANP ပြော

_dr_aye_maung_
Image caption ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ် ကို ဦးတည် တည်ဆောက် မယ် ဆိုရင် ပြည်နယ် ထဲမှာ မဲ အများဆုံး အနိုင်ရ ထားတဲ့ ပါတီ အပေါ် အလေးအနက် ထားဖို့ လိုအပ် တယ် လို့ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြော။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက ရခိုင်ပြည်နယ် ထဲ မဲ အများဆုံးရ ထားတဲ့ ရခိုင် အမျိုးသားပါတီ ANP ကသာ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် နေရာကို ရသင့်ပြီး ပြည်နယ် အစိုးရ ကို ဦးဆောင် ဖွဲ့သင့် တယ် ဆိုပြီး ANP ပါတီ က ပြောလာပါတယ်။

ပြည်နယ် အစိုးရ ကို ဦးဆောင် မဖွဲ့ ရဘူး ဆိုရင် တော့ ပေါ်ပေါက် လာမယ့် ဘယ်လို အစိုးရ အဖွဲ့အစည်း ထဲမှာမှ ပါဝင် မှာ မဟုတ် ပဲ အတိုက်အခံ ပါတီ အဖြစ် ရပ်တည် သွားမယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က စစ်တွေ မြို့မှာ ပြုလုပ် ခဲ့တဲ့ အစည်းအဝေး တစ်ခုမှာ NLD ကနေ ရခိုင်ပြည်နယ် အစိုးရ ဦးဆောင် ဖွဲ့မယ် ဆိုပြီး ပြောကြားခဲ့တဲ့ နောက် ANP ပါတီ ဘက်က အခုလို တုံ့ပြန် လာတာ ဖြစ်ပါတယ်။

NLD ပါတီ အနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ် ကို ဦးတည် တည်ဆောက် မယ် ဆိုရင် ပြည်နယ် ထဲမှာ မဲ အများဆုံး အနိုင်ရ ထားတဲ့ ပါတီ အပေါ် အလေးအနက် ထားဖို့ လိုအပ် တယ် လို့ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရတော့ ဗဟိုအစိုးရ အဖွဲ့ရဲ့ အကြီးအကဲ သမ္မတ ဖြစ်လာမယ့် သူကနေ ပြည်နယ် နဲ့ တိုင်းဒေကြီး ရဲ့ ဝန်ကြီးချုပ် တွေ ကို ရွေးချယ် ခန့် ထားရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ