မီဒီယာကောင်စီနဲ့ ကာချုပ် နေပြည်တော်မှာတွေ့

min aung hlaing
Image caption ရွေးကောက်ပွဲ အလွန် တည်ငြိမ်အောင် ဆောင်ရွက် မယ်

အသစ် ပြန်လည် ဖွဲ့စည်း လိုက်တဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ နေပြည်တော်မှာ စနေနေ့က တွေ့ဆုံရာမှာ တပ်မတော် သတင်း ရယူရေး ကိစ္စတွေနဲ့ နိုင်ငံရေး ငြိမ်းချမ်းရေး ကိစ္စ တွေကို ပြောဆို ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မီဒီယာ တွေ တပ်သတင်း ရယူရေး ကိစ္စတွေ အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်ရဲ့ လုပ်ဆောင်ချက် တွေ၊ ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေးမှု တွေနဲ့ ပတ်သက်ပြီး မေးမြန်း ပြောဆို ခဲ့ကြပါတယ်။

တပ်အနေနဲ့ ရွေးကောက်ပွဲ အလွန်မှာ တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်သွားမယ် လို့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က ပြောကြား ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တပ်က နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စ တွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဖို့ ဆွေးနွေး သဘောတူ ခဲ့ကြတယ် လို့ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ၁ ဆရာ ဖေမြင့်က ပြောပါတယ်။

တပ်က ငြိမ်းချမ်းရေး အတွက် ကြိုးစား လုပ်ဆောင် နေရာမှာ ကိုးကန့် MNDAA လို တိုင်းရင်းသား အဖွဲ့ တွေက လက်နက်နည်းနဲ့ ကျင့်သုံး နေတာမျိုးကို လက်မခံနိုင်ကြောင်းလည်း ဦးစီးချုပ်က ပြောပါတယ်။

ကိုးကန့် ကိစ္စ တရုတ်နဲ့ ညှိနှိုင်း ဆွေးနွေးနေတယ် လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးစီးချုပ်တို့ ဆက်သွယ် ဆွေးနွေးမှုတွေ တောက်လျှောက် ရှိတယ်၊ ဥပဒေနဲ့ အညီ လုပ်ဆောင်သွားမယ် လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ