NLD လွှတ်တော်ရေးရာ ဦးဆောင် ကော်မတီဖွဲ့

New Mps ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်မှာ လေ့လာခဲ့ကြ

လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေမှာ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ် ၅ ယောက် ပါတဲ့ လွှတ်တော်ရေးရာ ဦးဆောင် ကော်မတီကို ဖွဲ့စည်း လိုက်ကြောင်း NLD က ကြေညာခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် လျာထားခံရသူလို့ သတင်းတွေထွက်နေတဲ့ ဦးဝင်းမြင့် ခေါင်းဆောင်တဲ့ အဖွဲ့မှာ အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ်လျာထားသူလို့ ပြောနေကြတဲ့ ဦးမန်းဝင်းခိုင်သန်း အပြင် ဦးမင်းဦး၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးအောင်စိုးတို့ အဖွဲ့ဝင်တွေ အဖြစ် ပါဝင်ပါတယ်။

လွှတ်တော်ရေးရာ ဦးဆောင် ကော်မတီကလွှတ်တော် အစည်းအဝေးတွေ ကျင်းပမယ့် အစီအစဉ်တွေ ရေးဆွဲခြင်းနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရေး၊ မီဒီယာတွေကို စိစစ်ခွင့်ပြုရေးနဲ့ တခြား လွှတ်တော် ဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ဇန်နဝါရီလ ၂၇ ရက်နေ့က လွှတ်တော်ကို သွားရောက် လေ့လာခဲ့ကြပါတယ်။

သူတို့ကို သက်ဆိုင်ရာ ဝန်ထမ်းတွေက လွှတ်တော်ကိုယ်စားလှယ် တွေရဲ့စည်းမျဉ်း စည်းကမ်းတွေကို ရှင်းပြခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ