ပထမအကြိမ် လွှတ်တော် နောက်ဆုံးရက် မြင်ကွင်း

Image caption လွှတ်တော် သစ် အတွက် အကြံပြုချက်တွေကိုလည်း ကိုယ်စားလှယ်တွေက ပြောကြား

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပထမအကြိမ် လွှတ်တော် ရဲ့ နောက်ဆုံး ဆွေးနွေး ပွဲတွေကို ကျင်းပ ခဲ့ပြီး ဥပဒေ ရေးရာတွေ ပြောဆို ဆွေးနွေးခြင်း မလုပ်ဘဲ လွှတ်တော် ကိုယ်စားလှယ်တွေဟာ နှုတ်ဆက်စကား ပြောကြားခဲ့ကြပါတယ်။

ပထမ အကြိမ် လွှတ်တော် ကို ပြန်လည် သုံးသပ်ချက်တွေ ပါသလို လွှတ်တော် သစ် အတွက် အကြံပြုချက်တွေကိုလည်း ကိုယ်စားလှယ်တွေက ပြောကြား ခဲ့ကြပါတယ်။

အကြပြုချက်ထဲမှာတော့ ပြည်နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော် တွေမှာ ဝန်ထမ်းမလုံ မလောက် ဖြစ်နေတာကိုခန့်အပ်ပေးဖို့၊ ကော်မတီတွေ ဖွဲ့စည်းတဲ့အခါ လုပ်ငန်းကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းဖို့ လူနည်းစုပါတီများ ကို တူညီတဲ့ တန်းတူအခွင့်အရေးတွေပေးဖို့အကြံပြု ခဲ့ကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်သွားမယ်လို ပြောကြားခဲ့ပါတယ်။

ပထမကြိမ်လွှတ်တော် ၅ နှစ်သက်တမ်းမှာ ဥပဒေပေါင်း ၂၂၉ ခုပြဌာန်းနိုင်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော်မှာ မေးခွန်းပေါင်း တစ်သောင်းကျော်မေးမြန်းနိုင်ခဲ့တယ်လို့သူရဦးရွှေမန်းကပြောပါတယ်။

လွှတ်တော်အစည်းအဝေးပြီးမှာတော စုပေါင်းနေလည်စာ စားခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က သီဆို ကပြဖျော်ဖြေကြပါတယ်။

နဂါးနီသီးချင်းကိုသီဆိုသွားသူကတော့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမြငြိမ်း ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကတော့ လူခွန်လူကောင်းသီးချင်းကိုသီဆိုခဲ့ပါတယ်။

မနောမြေအလှသီးချင်းကို လွှတ်တော် ကိုယ်စားလှယ် အားလုံးက သီဆို ကပြ ခဲ့ပြီးဆုတော်ငွေများစွာလဲ ရရှိခဲ့ပါတယ်။

သီဆိုဖျော်ဖြေမူ့အပြီးမှာတော့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နှုတ် ဆက် စကားပြောကြားခဲ့ပြီး ငါးနှစ်အတွင်း သူ့မှာ ဒဏ်ရာဒဏ်ချက်တွေရခဲ့ပေမယ့် ကျေနပ်တယ်လို့ ပြော သွားခဲ့ပါတယ်။

နှုတ်ဆက်မိန့်ခွန်းပြောအပြီးမှာတော့ ကိုယ်စားလှယ်တွေကတောင်းဆိုတဲ့အတွက်ဦးရွှေမန်းကိုယ်တိုင် သီးချင်းတစ်ပုဒ်သီဆိုခဲ့ပြီးအခမ်း အနားကိုပျော်ရွင်စွာပဲအဆုံးသတ်ခဲ့ပါတယ်။

၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆို ရင် တော့ ရွေးကောက်ပွဲ မှာ အနိုင် ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကိုစတင်တော့မှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ