ပြည်နယ်တိုင်း လွှတ်တော် အတွက် ပြင်ဆင်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption အန်အဲယ်ဒီ ပါတီ က ပြည်နယ်နဲ့ တိုင်း လွှတ်တော် ဥက္ကဌ တွေကို ရွေးချယ် အဆိုပြု ရမှာ ဖြစ်

ဖေဖော်ဝါရီလ (၈) ရက် နေ့မှာ စတင် တော့မယ့် ပြည်နယ်နဲ့ တိုင်း ဒေသကြီး လွှတ်တော် အစည်း အဝေးတွေ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ ပြင်ဆင် မှုတွေ လုပ်နေကြ ပါပြီ။

ရွေးကောက်ပွဲ မှာ မဲ အများဆုံး အနိုင် ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲယ်ဒီ ပါတီ ကတော့ ပြည်နယ်နဲ့ တိုင်း လွှတ်တော် ဥက္ကဌ တွေကို ရွေးချယ် အဆိုပြု ရမှာ ဖြစ်ပါတယ်။

ဒီ အဆိုပြု ထားတဲ့ သူတွေကို အမတ်တွေ ကနေ မဲပေး ရွေးချယ် ရမှာ ဖြစ်ပြီး ဒါကို လွှတ်တော် စစချင်း နေ့မှာ အတည်ပြု ကြမှာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းလွှတ်တော် အများစု မှာတော့ အန်အဲလ်ဒီ ပါတီ ကိုယ်စားလှယ် တွေက အများစု ဖြစ်တာ မို့ လွှတ်တော် ဥက္ကဌတွေ ဟာ အန်အဲလ်ဒီက ဖြစ်လာဖို့ ရှိနေ ပါတယ်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော် တက်ရောက် မယ့် မတ္တရာ မြို့နယ်က ပြည်နယ် မဲဆန္ဒနယ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်း ကတော့ စိတ်လှုပ်ရှား နေရ တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် မှာတော့ ကြံ့ခိုင်ရေး ပါတီ ပြီးရင် ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် snld ကိုယ်စားလှယ်က ဒုတိယ အများဆုံး ဖြစ်တာ မို့ လွှတ်တော် ဥက္ကဌဟာ snld ပါတီက ဖြစ်လာဖို့ မျှော်မှန်းနေ ပါတယ်။

snld ပါတီက သီပေါမြို့ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေး ကလည်း ပြည်နယ် အစိုးရတွေမှာ လုပ်ပိုင်ခွင့် ပိုရဖို့ ကို မျော်လင့် နေပါတယ်။

အန်အဲလ်ဒီ အမတ်တွေ ကတော့ အစည်း အဝေးတွေ မစခင် လွှတ်တော်တွင်း လေ့လာမှု တွေနဲ့ အစမ်း လေ့ကျင့် တာတွေ လုပ်နိုင် တယ်လို့ ဦးနိုင်ငံလင်း က ပြောတယ်။

ဖေဖော်ဝါရီလ (၈)ရက်နေ့ တနင်္လာနေ့မှာ စမယ့် ပြည်နယ်၊ တိုင်း လွှတ်တော် အစည်း အဝေးတွေ တက်ဖို့ သက်ဆိုင်ရာ ကိုယ်စားလှယ် တွေ ဆီကို အကြောင်း ကြားစာတွေ ပို့ထားပြီး ကိုယ်စားလှယ် တွေကတော့ လွှတ်တော် အစည်း အဝေး တက်မတက် (၅) ရက် နေ့မှာ အကြောင်း ပြန်ရမှာ ဖြစ်ပါတယ်။