မြန်မာ အစိုးရသစ် လက်ထက် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းမယ်လို့ ထိုင်းအစိုးရ ပြော

_thai_pm_ ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံ နဲ့ လက်တွဲ ဆောင်ရွက်ဖို့ ဆိုတာ ဟာ ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ကျန်အိုးချား ရဲ့ မူဝါဒ ဖြစ်တယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဆို။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ ပေါ်ပေါက် လာတဲ့ အခါ ကျရင်လည်း ထားဝယ် အထူး စီးပွားရေး ဇုံ အပါအဝင် မြန်မာ နိုင်ငံ ထဲ ထိုင်း အစိုးရ ရဲ့ စီးပွားရေး အရ ရင်းနှီးမြှပ် နှံ မှု တွေ အပြောင်းအလဲ ရှိမှာ မဟုတ် ဘူး ဆိုပြီး ထိုင်း အစိုးရ ပြောရေး ဆိုခွင့် ရှိသူ က ဘီဘီစီ ကို ပြောပါတယ်။

ပေါ်ပေါက် လာမယ့် မြန်မာ အစိုးရသစ် နဲ့ ပူးပေါင်း ဆောင်ရွက် မယ် ဆိုပြီး တော့လည်း ဗိုလ်ချုပ် စန်စွန် ကယောက်ကမ် နွတ် က ဆိုပါတယ်။

အိမ်နီးချင်း နိုင်ငံ အနေနဲ့ရော အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချင်းချင်း အနေနဲ့ပါ မြန်မာ နိုင်ငံ နဲ့ လက်တွဲ ဆောင်ရွက်ဖို့ ဆိုတာ ဟာ ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ကျန်အိုးချား ရဲ့ မူဝါဒ ဖြစ်တယ်လို့ လည်း အဲဒီ့ ဗိုလ်ချုပ် က ဘီဘီစီ နဲ့ မေးမြန်း ခန်းမှာ ဖြေဆို ခဲ့ ပါတယ်။

ထိုင်းနယ်စပ် က မြန်မာ ဒုက္ခသည် တွေ အရေးနဲ့ ပတ်သက်ပြီး တော့ ထိုင်း ဝန်ကြီးချုပ် ရဲ့ သဘောထား က တော့ ဒုက္ခသည် တွေ ရဲ့ ဆန္ဒ ကို အလေး ထားမယ် လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ ဆန္ဒအရ မြန်မာ နိုင်ငံ ဘက်ကို ပြန်မယ်ဆိုရင် ထိုင်း အစိုးရ အနေနဲ့ ကူညီ ဆောင်ရွက်ပေးဖို့ အဆင်သင့်ပဲ လို့ လည်း ဗိုလ်ချုပ် စန်စွန် ကယောက်ကမ် နွတ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ