ရှမ်းပြည်နယ်ရဲ့ ဖယ်ဒရယ်အနာဂတ်

SSA တောင်ပိုင်းအဖွဲ့ရဲ့စစ်ရေးပြအခမ်းအနား ဓာတ်ပုံ မူပိုင် Reuters
Image caption SSA တောင်ပိုင်းအဖွဲ့ရဲ့စစ်ရေးပြအခမ်းအနား

တောင်တန်းနဲ့ပြည်မ အတူလက်တွဲပြီး လွတ်လပ်ရေး အရယူဖို့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား တွေမျှော်မှန်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်လို့ လက်ရှိ အာဏာရ လာတဲ့ ပါတီကလည်း ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို သွားမယ်လို့ ပြောထားပေမယ့် အရပ်သား အစိုးရအနေနဲ့ ဖယ်ဒရယ် စနစ်ကို အကောင်အထည် ဖေါ်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဉီးစိုင်းလိတ်က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၇ရက်က ကျရောက်တဲ့ ၆၉နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အတွက် နိုင်ငံတော် သမ္မတက သဝဏ်လွှာ ပေးပို့ရာမှာ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး နိုင်ငံတော် အစိုးရနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

တဖက်ကလည်း ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း နယ်မြေလုတဲ့တိုက်ပွဲ တွေဖြစ်နေသလို မူးယစ်ဆေးဝါးဒဏ် နေခံနေရတဲ့အကြောင်း၊ အစိုးရရဲ့ငြိမ်းချမ်းရေး ညီလာခံဟာလည်း အမည်ခံမျှသာ ဖြစ်ကြောင်း၊ အဲဒီဆွေးနွေးပွဲတွေမှာ ဖယ်ဒရယ်နိုင်ငံထူထောင်ဖို့ ဆွေးနွေးတဲ့အခါ တပ်မတော် အစုအဖွဲ့ရဲ့ ထောက်ခံချက်မပါပဲ မဖြစ်နိုင်လို့ ဖယ်ဒရယ်သွားဖို့ စစ်တပ်မှာ လုံးလုံး မူတည်သလိုဖြစ်နေကြောင်း ဉီးစိုင်းလိတ်က ဘီဘီစီကို ပြောသွားပါတယ်။

၆၉နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အခမ်းအနားတွေကို ရန်ကုန်နဲ့ရှမ်းပြည်တောင်ကြီး ကျောက်မဲ မိုင်းငေါ့စတဲ့ မြို့နယ်တွေမှာ ကျင်းပသလို ထိုင်းမြန်မာ နယ်စပ် RCSS/SSA တောင်ပိုင်း ဌာနချုပ်မှာလည်း စစ်ရေးပြ အခမ်းအနားတွေနဲ့ ဂုဏ်ပြု ကျင်းပခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ