ရှမ်းနဲ့ရခိုင် ပြည်နယ် လွှတ်တော်တွေကို NLD ဦးဆောင်မှု မရ

_yangon_parliament_
Image caption တိုင်းနဲ့ ပြည်နယ် အစိုးရ တွေ ဖွဲ့ တဲ့ အခါ ကျရင်တော့ လက်ရှိ ဖွဲ့စည်းပုံ အရ သမ္မတ ကနေ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အမတ် တွေ ထဲ က ရွေးချယ် ခန့်အပ် မှာ ဖြစ်။

ဖေဖေါ်ဝါရီ ၈ ရက် တနင်္လာနေ့ မှာ ၂၀၁၅ ရွေးကောက်ပွဲ တုန်းက အနိုင်ရ ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အသီးသီး စတင် ခဲ့ ပြီ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် လွှတ်တော် ၁၄ ခု ရှိတဲ့ အနက် ရှမ်းပြည် နဲ့ ရခိုင် ပြည် နယ် တွေ ကလွဲပြီး ကျန် ၁၂ ခုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က နေရာ အသာစီး ရှိနေပြီး လွှတ်တော် ဥက္ကဌ နဲ့ ဒုဥက္ကဌ တွေ ကိုလည်း NLD ပါတီ က ကိုယ်စားလှယ် တွေ ကိုပဲ တင်မြှောက် နိုင်ခဲ့ ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော် မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ နဲ့ တပ်မတော် ကိုယ်စားလှယ် တွေ ရဲ့ မဲ တွေ နဲ့ ကြံ့ခိုင်ရေး အမတ် တွေက ပြည်နယ် လွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာ တွေ ကို ရယူ ခဲ့ ပါတယ်။

ရခိုင် လွှတ်တော် ကို ကြည့်ပြန်ရင်လည်း လွှတ်တော် ထဲ နေရာ အသာစီး ရရှိ ထားတဲ့ ရခိုင် အမျိုးသား ပါတီ ANP က လွှတ်တော် ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာ တွေ ကို ရယူ ခဲ့ ပါတယ်။

ဒါပေမယ့် ပြည်နယ် အစိုးရ တွေ ဖွဲ့ တဲ့ အခါ ကျရင်တော့ လက်ရှိ ဖွဲ့စည်းပုံ အရ သမ္မတ ကနေ ပြည်နယ် လွှတ်တော် အမတ် တွေ ထဲ က ရွေးချယ် ခန့်အပ် မှာ ဖြစ်ပြီး NLD ပါတီ ကလည်း သူတို့ ပါတီ ဦးဆောင်တဲ့ ပြည်နယ် နဲ့ တိုင်း အစိုးရ အဖွဲ့ တွေ ဖွဲ့ မယ် လို့ ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ