အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်ပြီ

ua_asean_sunnylands
Image caption တရုတ် နိုင်ငံ နဲ့ ကြား မဟာဗျုဟာ မြောက် ယှဉ်ပြိုင်လိုတဲ့ အတွက် အခုလို အမေရိကန် အနေနဲ့ အာဆီယံ ခေါင်းဆောင် တွေကို ဖိတ်ခေါ် ဆွေးနွေး နေတာ ဖြစ်တယ် လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေ က ဆို။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မှာ အမေရိကန် နဲ့ အာဆီယံ အဖွဲ့ ထိပ်သီး ညီလာခံ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ ဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် နေတဲ့ အဲဒီ့ ဆွေးနွေးပွဲမှာ တောင်တရုတ် ပင်လယ်ပြင် အပါအဝင် အာဆီယံ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ နဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကိစ္စတွေ ကို အာရုံစိုက် ဆွေးနွေးကြမယ်လို့ မျှော်လင့် ရပါတယ်။

အာဆီယံ ဒေသ တွင်း ဆက်ဆံရေး ကို တရုတ် နိုင်ငံ နဲ့ ကြား မဟာဗျုဟာ မြောက် ယှဉ်ပြိုင်လိုတဲ့ အတွက် အခုလို အမေရိကန် အနေနဲ့ အာဆီယံ ခေါင်းဆောင် တွေကို ဖိတ်ခေါ် ဆွေးနွေး နေတာ ဖြစ်တယ် လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေ က ဆိုပါတယ်။

သမ္မတ အိုဘားမား ကြိုးစား ဖော်ဆောင် ခဲ့တဲ့ TPP လို့ ခေါ်တဲ့ ပစိဖိတ် ဒေသတလွှား နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ရေး ကုန်သွယ်ရေး လွတ်လပ်ဇုံ ထဲမှာ အာဆီယံ နိုင်ငံ တွေ ထဲက ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ် နိုင်ငံ တွေ ပါဝင် နေပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် Sunnylands အပန်းဖြေ စခန်းကြီး ထဲမှာ ကျင်းပနေတဲ့ အခု ထိပ်သီး အစည်းအဝေးမှာ ထိုင်းနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ကနေ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ပရာရွတ်သ် ချန်အိုချာ နဲ့ ကမ္ဘောဒီးယား မှာ နိုင်ငံရေး အတိုက်အခံ တွေကို ဖိနှိပ် ခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန် တို့ ပါဝင် နေလို့ ဆိုပြီး အိမ်ရှင် အမေရိကန် အစိုးရ အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူ တချို့ ရဲ့ ဝေဖန်မှု တွေ လည်း ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ