လွှတ်တော် စွမ်းရည်မြှင့် သင်တန်းပြီးဆုံး

Speakers of parliament and foreign parliamentary representatives ahead of a workshop to train newly elected Burmese lawmakers ဓာတ်ပုံ မူပိုင် AP
Image caption စွမ်းရည်မြှင့် သင်တန်းမတိုင်ခင် ဒေါ်စုနဲ့ ပြည်ပအမတ်တွေ လွှတ်တော် ဥက္ကဋ္ဌတွေ အတူတွေ့ရပုံ

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က စပြီး ပို့ချနေတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် လွှတ်တော်ကိုယ်စား လှယ်များစွမ်းအတွက် ဆောင်ရည်မြင့်တင်ရေး သင်တန်း ပြီးဆုံး ခဲ့ပါပြီ။

ဒီသင်တန်းကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၊ IPU နိုင်ငံတကာ ပါလီမန် အမတ်များသမဂ္ဂနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ စုစည်းမှုနဲ့ ယူကေ၊ သြစတြေးလျ၊ နယူဇီလန်၊ ဂျပန်၊ ဟောင်ကောင်၊ တီမော၊ မလေးရှား စတဲ့ နိုင်ငံတို့က လွှတ်တော်အမတ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေ ခဲ့ကြပါတယ်။

နိုင်ငံတကာ လွှတ်တော်အမတ်တွေထဲမှာ ပါတဲ့ ယူကေ ပါလီမန် Norwich North မဲဆန္ဒနယ်က လွှတ်တော်အမတ် Chloe Smith ကတော့ မြန်မာ နိုင်ငံက အမတ်သစ်တွေက လေ့လာ သင်ယူလိုစိတ် ထက်သန်ကြတယ်လို့ ပြောပါတယ်။

လွှတ်တော်အမတ် တစ်ယောက်ရဲ့ များလှတဲ့ တာဝန်တွေကို ဘယ်လို ခွဲဝေ လုပ်ကိုင်သင့်တယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ ဥပဒေပြုရေး တာဝန်တွေကို ဘယ်လို ထိရောက်အောင်လုပ်ဆောင်သင့်တယ် ဆိုတာတွေကို မျှဝေ ပြောပြခဲ့ကြောင်း Chloe Smith က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ချမ်းအေးသာစံ မဲဆန္ဒနယ်ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ရသူ ဦးမျိုးနိုင်ကတော့ ဒီသင်တန်းတွေကနေ ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနဲ့ စောင့်ကြည့် လေ့လာရေး စတာတွေကို လေ့လာသိခဲ့ရတဲ့ အတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

ဒီသင်တန်းဟာ အမတ်သစ်တွေ အတွက် အကျိုးရှိ ကြောင်းနဲ့ နောက်ထပ် ဒီလို သင်တန်းမျိုး ထပ်ပေးဖို့ လိုအပ်တယ်လို့ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောပါတယ်။

သူတို့ အတွေ့အကြုံတွေကို လက်တွေ့ အသုံးချပြီး ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေကို ပြီပြင်အောင် ဆောင်ရွက်သွားကြမယ် လို့လည်း လွှတ်တော် ကိုယ်စားလှယ်သစ်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ