Forbes Asia မဂ္ဂဇင်းမှာ မြန်မာလူငယ်တွေ ပါ

ဓာတ်ပုံ မူပိုင် forbes
Image caption Forbes Asia မဂ္ဂဇင်းမှာ မြန်မာလူငယ်တွေ ပထမဆုံးအကြိမ် ဖော်ပြခံရ

အာရှဒေသတွင်း အားကစား၊ အနုပညာ၊ စီးပွားရေး၊ နည်းပညာ စတဲ့ နယ်ပယ် ၁၀ ခုမှာ ထူးချွန် အောင်မြင် ပါရမီရှိတဲ့ အသက် ၃၀ အောက် လူငယ် အယောက် ၃၀စီ၊ စုစုပေါင်း အယောက် ၃၀၀ ကို Forbes Asia မဂ္ဂဇင်းက ရွေးချယ် ဖေါ်ပြခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံက လူငယ် ၈ ဉီး ပထမဆုံးအကြိမ် ရွေးချယ် ဖေါ်ပြခံ ခဲ့ရပါတယ်။

သူတို့တွေကတော့ Retail & E Commerce ကဏ္ဍမှာ Car DB online ကားအရောင်းအ၀ယ် လုပ်ငန်းကို ထူထောင်ခဲ့တဲ့ ကိုဝေဖြိုးကျော် နဲ့ online ကနေ ကားလက်မှတ် ဝယ်နိုင်တဲ့ Star Tickets.online website ထူထောင်သူ သက်မွန်အေးနဲ့ ဇာနီနွေဉီး တို့ ပါဝင်ပါတယ်။

နောက် အနုပညာနဲ့ တီထွင်ဖန်တီးမှုကဏ္ဍမှာ ရွေးချယ်ဖေါ်ပြခံရသူကတော့ Rangoon Tea House စားသောက်ဆိုင်လုပ်ငန်းကို တည်ထောင် လုပ်ကိုင်နေတဲ့ ကိုထက်မြက်ဉီး ဖြစ်ပါတယ်။

တခါ Consumer Tech နည်းပညာ ကဏ္ဍမှာတော့ Bindez လို့ ခေါ်တဲ့ မြန်မာဘာသာနဲ့ Search Engine ကို တီထွင်ခဲ့သူတွေ ဖြစ်တဲ့ ကိုရဲဝင်းကိုနဲ့ ကိုထက်ဝေတို့ ပါဝင်ပါတယ်။။

ဒီဇိုင်း နည်းပညာလုပ်ငန်းနဲ့ smart ဖုန်းအတွက် Apps တွေ တီထွင်ပေးတဲ့ Nex Labs ကို ထူထောင်သူ ကိုမျိုးထက်အောင် နဲ့ ရဲမြတ်မင်း တို့ကတော့ Enterprise Technology ကဏ္ဍမှာ ရွေးချယ် ဖေါ်ပြခံ ခဲ့ရပါတယ်။