ရန်ကုန်မြို့သစ် စီမံကိန်း ရှေ့လထဲ စ အကောင်အထည် ဖော်တော့မယ်

yangon_rice_field
Image caption ဒီစီမံကိန်း အတွက် သိမ်းယူ ခဲ့ရတဲ့ လယ်မြေ တွေ တစ်ဧက ချင်းစီရဲ့ ၁၅ % ကို မြို့မြေ အဖြစ် ပိုင်ရှင် တွေကို ပြန်ပေး မယ်။

ပွင့်လင်း မြင်သာမှု မရှိပဲ အာဏာပိုင် တွေ နဲ့ နီးစပ်တဲ့ ကုမ္ပဏီကို လုပ်ငန်း လုပ်ခွင့် တွေ ချ ပေးခဲ့လို့ ဆိုပြီး ဝေဖန် ကန့်ကွက် မှု တွေ ကြောင့် ရပ်ဆိုင်း ထားတဲ့ ရန်ကုန် မြို့သစ် စီမံကိန်း ကို လာမယ့် မတ်လ ထဲမှာ စတင် အကောင်အထည် ဖော်လာ ဖို့ ရှိနေပါတယ်။

တွံတေးနဲ့ ဆိပ်ကြီး ခနောင်တို မြို့နယ် တွေ ထဲ မြေ ဧက ၃ သောင်း ကျော် နေရာယူ တည် ဆောက်ဆောက်မယ့် အဲဒီ့ ရန်ကုန် မြို့သစ် စီမံကိန်း လုပ်ဖို့ ပြည်တွင်း ကုမ္ပဏီ ၃ ခုကို တင်ဒါ ချ ပေးထားတယ် ဆိုပြီး တင်ဒါ စိစစ်ရေး အဖွဲ့ ခေါင်းဆောင် ဦးကျော်စိုး က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့ ကုမ္ပဏီ တွေကတော့ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ Business Capital City Development Ltd နဲ့ ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် တုန်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကနေ ရန်ကုန် မြို့သစ် စီမံကိန်း လုပ်ဖို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ထဲ စတင် တင်းသွင်း ခဲ့တာ မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိ ခဲ့တဲ့ ကုမ္ပဏီ တွေ ကို ရွေးချယ် ပုံ နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ် ခံခဲ့ရတဲ့ နောက် စီမံကိန်း အကောင်အထည် မဖော် နိုင် ဖြစ်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရန်ကုန်တိုင်း လွှတ်တော် ထဲမှာပဲ ဒီ စီမံကိန်း ပြန်စဖို့ မဲခွဲ ဆုံးဖြတ် နိုင်ခဲ့တယ် လို့ ဦးကျော်စိုး က ဆိုပါတယ်။

ဒီစီမံကိန်း အတွက် သိမ်းယူ ခဲ့ရတဲ့ လယ်မြေ တွေ တစ်ဧက ချင်းစီရဲ့ ၁၅ % ကို မြို့မြေ အဖြစ် ပိုင်ရှင် တွေကို ပြန်ပေး မယ် ဆိုပြီး ကုမ္ပဏီ တွေက အကြံပြုထားတယ် လို့ ဦးကျော်စိုး က ပြောပါတယ်။

ဒီ မြို့သစ် စီမံကိန်းမှာ မြစ်ကူးတံတား ငါးစင်း၊ စီးပွားရေးဇုံ နဲ့ တန်ဖိုးနည်း တိုက်ခန်းပေါင်း (၂) သောင်း အပါအဝင် လူနေ အိမ်ရာတွေ တည်ဆောက်မှာ ဖြစ်ပြီး စီမံကိန်း ရုပ်လုံး ပေါ်လာဖို့ကတော့ (၁၀) နှစ် လောက် အချိန်ယူ လုပ်ဆောင်ရမယ် လို့ လည်း ဦးကျော်စိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ