ရိုဟင်ဂျာ ဒုက္ခသည် စခန်း အခြေအနေ တုန်လှုပ်ဖွယ်လို့ UNOCHA အရာရှိ ပြော

rohingya ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းတက်ခွင့်၊ ဆေးကုသ မှု ခံယူခွင့် တွေကို လည်း ငြင်းပယ် ခံ ထားရ။

ရခိုင်ပြည်နယ် မြေပုံ မြို့နယ် အနီးက ရိုဟင်ဂျာ မွတ်ဆလင်မ် ဒုက္ခသည် စခန်း ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တုန်းက ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ သမဂ္ဂ အဖွဲ့ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA အဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း က စခန်းတွင်း ယာယီ နေထိုင်ရာ အဆောက်အဦ တွေ ရဲ့ အမိုးအကာ ပြိုကျ ပျက်စီး နေတဲ့ အခြေအနေ တွေ၊ ပတ်ဝန်းကျင် သန့်ရှင်း မှု မရှိ တဲ့ အခြေအနေ တွေ တွေ့ ခဲ့ရတဲ့ အတွက် တုန်လှုပ် မိတယ် ဆိုပြီး ပြောလိုက် ပါတယ်။

အဲဒီ့ မြေပုံ ဒုက္ခသည် စခန်း ရိုဟင်ဂျာ မွတ်ဆလင်မ် ဒုက္ခသည် စခန်းမှာ နေထိုင်သူ တွေ ကို အာဏာပိုင် တွေ က လွတ်လပ်စွာ သွားလာ ခွင့် မပေးပဲ ထိန်းချုပ် ထားပြီး စခန်းပြင် ခိုးထွက် သူတွေ ကို မိရင် ကြိမ်ဒဏ် ပေး ရိုက် နှက် တာမျိုး လုပ်ဆောင် တယ် လို့ စခန်းမှာ နေထိုင် သူ တစ်ဦး ကလည်း ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် ကျောင်းတက်ခွင့်၊ ဆေးကုသ မှု ခံယူခွင့် တွေကို လည်း ငြင်းပယ် ခံ ထားရတယ် လို့ စခန်းတွင်း နေထိုင်သူ နောက်တစ်ဦး က ဆိုပါတယ်။

မြန်မာ နိုင်ငံ ခရီးစဉ် မှာ ဒီမိုကရေစီ အသွင် ပြုပြင် ပြောင်းလဲ မှုတွေ ဖြစ်ပေါ် နေ တာ တွေ့ခဲ့ရတာ မှန်ပေမယ့် အဲဒီ့ ပြောင်းလဲမှု တွေကို မြန်မာ နိုင်ငံသား တွေ အားလုံး အကျိုး ခံစား နိုင်သေးတာ မဟုတ် ဘူး ဆိုပြီး တော့လည်း မစ္စတာ ဂင်း က ဝေဖန် ခဲ့ ပါတယ်။

ကချင် နဲ့ ရှမ်းပြည်နယ် တွေ မှာ ဖြစ်ပေါ် ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ တွေ ကြောင့် နေရပ် ပစ်ခွာ ထွက်ပြေး ကြရသူတွေ တစ်သိန်း ကျော် ရှိနေဆဲ ဖြစ်သလို၊ ရခိုင်ပြည်နယ် ထဲ ၂၀၁၂ တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်း တွေ ကြောင့် ရိုဟင်ရျာ တစ်သိန်း ကျော် နဲ့၊ ရခိုင် ငါးထောင် ဝန်းကျင် လည်း ကိုယ့်အိမ်ကိုယ် မပြန် နိုင် ရှိနေကြဆဲ ဖြစ်တယ် လို့ မစ္စတာ ဂင်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ