သမ္မတ ရွေးနိုင်ဖို့ ဒုသမ္မတလောင်း ၃ ယောက် ထွက်ပေါ်လာပြီ

daw_su_and_u_htin_kyaw
Image caption ဒေါ်အောင်ဆန်းစု ကြည် ကနေ စိတ်ချ ယုံကြည်တဲ့ ဦးထင်ကျော် သမ္မတ ဖြစ်လာရေး အတွက် NLD ပါတီ က လုပ်ဆောင် လာ။

မြန်မာ နိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာ နိုင်မယ့် ဒုတိယ သမ္မတ ၃ ဦး ထွက် ပေါ် လာ ခဲ့ပြီ ဖြစ်ပါတယ်။

အမျိုးသား ဒီ မိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ က နာမည်စာရင်း တင်သွင်း ခဲ့ကြတဲ့ ဦးထင်ကျော် နဲ့ ဦးဟင်နရီ ဗန်ထီးယူ ဟာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့မှာ ကြံ့ခိုင်ရေး ပါတီက ပြိုင်ဘက် တွေ ထက် မဲ အပြတ်အသတ် အသာနဲ့ အသီးသီး ရွေးချယ် ခံခဲ့ ကြရသလို၊ တပ်မတော် ဘက်ကလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ ကို သူတို့ တင်သွင်းတဲ့ ဒုသမ္မတ အဖြစ် ထုတ်ဖော် ကြေညာ ခဲ့ ပါတယ်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တော့ ပြည်သူ့ လွှတ်တော် အမတ် တစ်ဦး အဖြစ် လွှတ်တော် တွင်း ဒုသမ္မတ ရွေးပွဲ မှာ မဲထည့် ခဲ့ တာကို တွေ့ခဲ့ ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်ခွင့် ကနေ ဖွဲ့စည်းပုံ အရ အတားအဆီး ဖြစ်နေစေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင် ဖို့ ရာ တပ်မတော် ဘက်က လက်မခံနိုင် ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစု ကြည် ကနေ စိတ်ချ ယုံကြည်တဲ့ ဦးထင်ကျော် သမ္မတ ဖြစ်လာရေး အတွက် NLD ပါတီ က လုပ်ဆောင် လာကြရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ တပ်မတော်ဘက်ကလည်း အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေနဲ့ နီးစပ်သူ အဖြစ် လူ အများက ရှုမြင်ထားကြတဲ့ ဦးမြင့်ဆွေ ကို ဒုသမ္မတ အဖြစ် ထုတ်ဖော် ကြေညာ လာခဲ့တာပါ။

မတ်လ ၁၅ နေ့ ပြည်ထောင်စု လွှတ်တော် ကျင်းပတဲ့ အခါ ဒုတိယ သမ္မတလောင်း ၃ ဦးထဲက တစ်ဦးကို သမ္မတ အဖြစ် မဲပေး ရွေးချယ် ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ