ဖုန်းမော် ကျဆုံးတဲ့နေ့ ၂၈ နှစ်ပြည့်ပြီ

phone maw
Image caption ကိုဖုန်းမော် အောက်မေ့ဖွယ် အခမ်းအနား လုပ်ခဲ့

၁၉၈၈ မတ်လ ၁၃ ရက်နေ့က လုံထိန်း ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ဒီမိုကရေစီရေး လှုပ်ရှား သူတွေ က သတ်မှတ်ခဲ့ကြ ပြီး ကျရောက်တဲ့ ၂၈ နှစ်မြောက် ဖုန်းမော်နေ့ အခမ်းအနားတွေ ကို ပြည်တွင်း ပြည်ပမှာ ကျင်းပခဲ့ကြပါတယ်။

နိုင်ငံကို ဒီမိုကရေစီ နိုင်ငံ အဖြစ် အသွင် ကူးပြောင်း နေတယ် ဆိုတဲ့ ဒီကာလမှာ ကိုဖုန်းမော်တို့ ကွယ်လွန်ခဲ့ရတဲ့ အဖြစ်အပျက် ကို နိုင်ငံ အနေနဲ့ ဘယ်လို အလေးထားသင့်လဲ၊ ဘယ်လို သမိုင်း သင်ခန်းစာတွေ ယူသင့်လဲ ဆိုတာ မေးခွန်း ထုတ်စရာတွေ ဖြစ်နေပါသေး တယ်။

ကိုဖုန်းမော်နေ့ ကို မျိုးဆက်သစ် မျိုးဆက်ဟောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃ဝဝ ကျော်က ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဗြူးကုန်း တောရ စာသင်တိုက် မှာ အောက်မေ့ဖွယ် အခမ်းအနား လုပ်ခဲ့ပါတယ်။

စိတ်ပါဝင်စား သူတွေ အနေနဲ့ စုပေါင်း ကျင်းပ ကြပါတယ်။

ဖုန်းမော် အရေးအခင်း လို အဖြစ်အပျက် တွေ က နေ တပါတီ အာဏာရှင်စနစ် ပြုတ်ကျအောင် လုပ်နိုင်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ထိ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဖြစ်ပေါ် လာခဲ့ တာပါ။

ဒါပေမဲ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူ တွေ နဲ့ စစ်တပ် ခေါင်းဆောင်တွေ ကြားမှာ ဖုန်းမော် အရေးအခင်း နဲ့ ပတ်သက်ပြီး တူညီတဲ့ ကောက်ချက် ဆွဲပုံလည်း မရှိ သေးသလို ဒီ အဖြစ်ကို အလေးထားပုံ တွေ သင်ခန်းစာ ယူပုံ တွေလည်း မတူညီ ကြသေးပါဘူး။

ဒီဖြစ်ရပ်ဟာ မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ အလေးထား သင့်တဲ့ ရက်ဖြစ်ကြောင်း လူငယ်တွေ သိသင့်တယ် လို့ ရန်ကုန်မှာ လုပ်ခဲ့တဲ့ အခမ်းအနား ကို တက်ခဲ့တဲ့ ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း က ဦးကိုကိုကြီးက ပြောပြပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ အခမ်းအနား မျိုး ကို ထိုင်းနိုင်ငံ မဲဆောက် မြို့မှာလည်း အဝေးရောက် ကျောင်းသား ခေါင်းဆောင်တွေ စုပေါင်း လုပ်ခဲ့ပါသေးတယ်။

အဲဒီပွဲကို တက်ရောက်ဖို့ ရောက်နေတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန် ကလည်း ကိုဖုန်းမော်တို့ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ သမိုင်း သင်ခန်းစာ တွေ ယူကြဖို့ တိုက်တွန်းရင်း အဲဒီတုန်း က မျှော်မှန်းချက် တွေ အခုထိ ဖြစ်မလာသေးတဲ့ အကြောင်း ပြောပြပါတယ်။

ကိုဖုန်းမော်တို့ ကျဆုံးတဲ့ မတ်လ ၁၃ ရက်နေ့ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ၁၉၈၉ ခုနှစ် ကိုဖုန်းမော် ကျဆုံးတဲ့ တနှစ်ပြည့်နေ့ က စပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေ စတင် သတ်မှတ်ခဲ့ကြပေမယ့် မြန်မာနိုင်ငံ အနေနဲ့ တရားဝင် သတ်မှတ်မှု ကတော့ အခု အချိန်ထိ ရှိမလာ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ