ကွတ်ခိုင်မှာ စစ်ပြေးတွေ များလာ

tnla

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

TNLA နဲ့ အစိုးရ တိုက်ပွဲ ပြင်းထန်နေ

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် မှာ အစိုးရ တပ်နဲ့ TNLA တအာင်း လွတ်မြောက်ရေး တပ်ဖွဲ့ ကြား တိုက်ပွဲ တွေကြောင့် နန့်ဖတ်ကာ နဲ့ မိုင်းယုလေး ရွာ တွေဆီ ထွက်ပြေး လာကြတဲ့ ဒုက္ခသည် တထောင်ကျော် သွားပြီလို့ သိရပါတယ်။

ဒုက္ခသည် တွေကို ကျေးရွာတွေက ကျွေးမွေး စောင့်ရှောက် ထားပေမယ့် တပတ်ထက် ကျော်ပြီး ရေရှည်မှာ ကူညီ ထောက်ပံ့နိုင်ဖို့ ခက်ခဲတယ်လို့ နန့်ဖတ်ကာ မှာ ဒုက္ခသည် တွေကို ကူညီ စောင့်ရှောက် ပေးနေတဲ့ တအာင်း ကျောင်းသား များ နဲ့ လူငယ် အဖွဲ့ ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး၂ မိုင်မျိုးအောင်က ပြောပါတယ် ။

သူတို့ အတွက် မိုးကာနဲ့ ယာယီတဲတွေ ၊ စောင်နဲ့ အခင်းတွေ အရေးပေါ် လိုအပ် နေတယ် လို့လည်း ရွာခံ ကူညီရေး အဖွဲ့ တွေက ပြောပါတယ်။

ဒေသတွင်း တိုက်ပွဲတွေ အရှိန်မြင့် လာပြီး အရပ်သားတွေကို ဖမ်းဆီးမှုတွေ ရှိနေလို့ သူတို့ ရပ်ရွာတွေမှာ မနေရဲဘဲ ထွက်ပြေးလာကြတယ် လို့လည်း သိရပါတယ်။

သူတို့အတွက် ကယ်ဆယ်ရေး အဖွဲ့ လောလောဆယ်မှာ ၃-၄ ဖွဲ့ပဲ လာသေး တယ် လို့လည်း ဆိုပါတယ်။