ဦးနှောက် အမြှေးရောင် ရောဂါ ကူးစက်နေ

meningitis ဓာတ်ပုံ မူပိုင် Thinkstock
Image caption ကလေးငယ်တွေမှာ ဦးနှောက် အမြှေးရောင် ရောဂါ ကူးစက်ခံရတတ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိတ္ထီလာ၊ သာစည် ဘက်မှာ ကလေးတွေ ဦးနှောက် အမြှေးရောင် ရောဂါ ဖြစ်ကြတဲ့ အတွက် အသက် သေဆုံးတဲ့ အထိ အခြေအနေ ဆိုးဝါး ခဲ့ကြပါတယ်။

တခါ ရန်ကုန်မှာလည်း ဒီရောဂါ ကြောင့် သေဆုံးမှုတွေ ရှိတယ် လို့ သိရပါတယ်။

သာစည်မှာ အခု နောက်ဆုံး ရောဂါကူးစက် ခံရတဲ့ ကလေးငယ် ၇ ယောက်မှာ ၄ ယောက် သေဆုံးသွားတယ်လို့ မိခင်နဲ့ မျိုးဆက်ပွား ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လှမြသွေး အိန္ဒြာ က ပြောပါတယ်။

ကျန်တဲ့ ကလေး ၃ ယောက်ကို မန္တလေး ဆေးရုံကြီးကို ပို့ပြီး ရောဂါကုသ ပေးနေပါတယ်။

ဒီရောဂါဟာ ပူပြင်းတဲ့ နွေရာသီ ကာလ တွေမှာ ရောဂါပိုး ပါတဲ့ ဖုန် ရှူမိရာက ကူးစက်တတ်တာမို့ ကလေးတွေကို လူစည်ကားတဲ့ နေရာတွေ မသွားစေဖို့နဲ့ နှာခေါင်းစည်း တပ်ဆင် ပေးဖို့ လိုပါတယ်။

ကူးစက်မြန် ရောဂါ ဖြစ်လို့ ခေါင်းကိုက် ဖျားနာ အော့အန်တာ စတဲ့ ရောဂါ လက္ခဏာတွေ ပြလာရင် ချက်ချင်း ဆေးရုံပို့ပြီး ကုသမှု ခံသင့်တယ် လို့လည်း သိရပါတယ်။