အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်အမည်စာရင်း လွှတ်တော်ကို တင်ပြ

Image caption ဦးမျိုးညွန့်ကို ခုံရုံး ဥက္ကဌ အဖြစ် လျာထား

ဒီကနေ့မတ်လ ၂၄ ရက်နေ့မှာ သမ္မတ ဦးထင်ကျော်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ ဝင်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြ လိုက်ပါတယ်။

ဦးမျိုးညွန့်ကို ခုံရုံး ဥက္ကဌ အဖြစ် လျာထား ခဲ့ပြီး အရင် အခြေခံ ဥပဒေ ခုံးရုံး အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ ဦးမြင့်ဝင်း နဲ့ ဒေါ်လှမျိုးနွယ်တို့ ပြန်လည် ပါဝင် ခဲ့ပြီး အခြား အဖွဲ့ဝင်တွေက ဦးညီညီ၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင် နဲ့ ဦးကျော်ဆန်းတို့ဖြစ်ပါတယ် ။

ဥက္ကဋ္ဌ အပါအဝင် အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ဝင်တွေဟာ ဥပဒေ ရေးရာ ကျွမ်းကျင်သူ များ ဖြစ်ကြပါတယ်။

မတ်လ ၂၈ ရက်နေ့ တနင်္လာနေ့မှာတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးမှာ ကြေငြာမှာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရတဲ့ ဦးထင်ကျော် တင်ပြ ထားတဲ့ ဝန်ကြီး ၁၈ ယောက်ရဲ့ အမည်စာရင်း ကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက် သူမရှိ အတည်ပြု လိုက်ပါတယ်။

ဘယ်ဝန်ကြီးဌာနတွေကို ဘယ်သူ ကိုင်တွယ်မယ် ဆိုတာ NLD ပါတီ ဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

ဒါပေမယ့် နိုင်ငံခြားရေး ဝန်ကြီး ဌာန အပါအဝင် ဝန်ကြီးဌာန ၄ ခုကို ဒေါ်အောင်ဆန်းစုကြည် က ဝန်ကြီး အဖြစ် ဆောင်ရွက်မှာ ဖြစ်ကြောင်း NLD ပါတီက ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ သမ္မတနဲ့အစိုးရ အဖွဲ့ဝင်တွေဟာ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို ကြမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ