အစိုးရသစ် တစ်ပတ် မပြည့်မီ အပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်

dassk ဓာတ်ပုံ မူပိုင် bbc
Image caption တနင်္လာနေ့ မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေး မှာ သမ္မတ ဦးထင်ကျော် ဟာ ဝန်ကြီးသစ်တွေ ရဲ့ နာမည် စာရင်း တင်သွင်းဖို့ မျှော်လင့်ရ။

မြန်မာ အစိုးရသစ် ပေါ်ပေါက်ခဲ့ အပြီး သီတင်းတစ်ပတ် မပြည့်ခင်မှာပဲ အစိုးရ ကက်ဘိနက် ဝန်ကြီး နေရာတွေ အပြောင်းအလဲ လုပ်ဖို့ ပြင်ဆင် လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ တာဝန် ယူထားတဲ့ ဝန်ကြီး ဌာန လေးခု ထဲက လျှပ်စစ် စွမ်းအင် နဲ့ ပညာရေး ဌာန ဝန်ကြီး နေရာ တွေ ကို စွန့်လွှတ်မယ် လို့ ဘီဘီစီ အနေနဲ့ သိရှိ ရပါတယ်။

ဒီကနေ့ ဧပြီလ ၄ ရက် တနင်္လာနေ့ မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေး မှာ သမ္မတ ဦးထင်ကျော် ဟာ ဝန်ကြီးသစ်တွေ ရဲ့ နာမည် စာရင်း တင်သွင်းဖို့ မျှော်လင့်ရပါတယ်။

ပညာရေး သုတေသန နဲ့ အောက်မြန်မာပြည် အဆင့်မြင့် ပညာရေး ဌာနတွေ မှာ ထိပ်တန်း တာဝန် တွေ ယူခဲ့ ဖူးတဲ့ ဒေါက်တာ မျိုးသိန်းကြီး ကို ပညာရေး ဝန်ကြီး ၊ တခါ စွမ်းအင် စီမံကိန်း ဌာန ကို ဦးစီးခဲ့ဖူးတဲ့ ဦးဖေဇင်ထွန်း ကို လျှပ်စစ် နဲ့ စွမ်းအင် ဝန်ကြီး အဖြစ် အသီးသီး ခန့်အပ် မှာ ဖြစ်တယ် လို့ နားလည် ရပါတယ်။

အခုလို အပြောင်းအလဲ တွေ ပြုလုပ်တာ ကို ကြည့်ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင် တဲ့ အစိုးရသစ် အနေနဲ့ အုပ်ချုပ်ရေး ကို နိုင်နိုင် နင်းနင်း ကိုင်တွယ်ဖို့ရာ အသေအချာ ကြိုတင် မပြင်ဆင် ခဲ့တဲ့ပုံ မျိုး ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ