နိုင်ငံရေးအမှုတွေ ပြန်ရုတ်သိမ်းဖို့ တနိုင်ငံလုံး အနှံ့ လုပ်နေပြီ

u_san_sint_trial_july ဓာတ်ပုံ မူပိုင် bb
Image caption ဥပေဒ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရသူတွေ၊ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံထားရသူ တွေ အကြုံးဝင်မှာ ဖြစ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးကို သုံးစွဲပြီး ပြောဆို ညွှန်ကြား ထားတဲ့ အတိုင်း နိုင်ငံရေး အမှုတွေ အဖြစ် အကြုံးဝင်မယ့် အမှု ကိစ္စ အားလုံးကို ရှေ့ဆက် မသွား တော့ပဲ အမှု ပြန်လည် ရုတ်သိမ်း နိုင်အောင် တတိုင်းပြည်လုံး အတိုင်းအတာ အနေနဲ့ စတင် စိစစ် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။

ပြစ်မှု ဥပဒေ ကျင့်ထုံး ၄၉၄ နဲ့ အညီ အမှုတွေ ကို ပြန်လည် ရုတ်သိမ်း နိုင်အောင် အမှု အများစု မှာ တရားလို ဖြစ်နေတဲ့ ရဲ တပ်ဖွဲ့ အပါအဝင်၊ သက်ဆိုင်ရာ တရားစွဲ အစိုးရ ရှေ့နေ တွေ၊ ဒေသခံ အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ တွေ ညှိနှိုင်း ပြီး ဆောင်ရွက် ကြမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးထွန်းမင်း က ဘီဘီစီကို ပြောပါတယ်။

ခွင့်ပြုချက် မတောင်းခံပဲ ဆန္ဒပြလို့ ဆိုပြီး ငြိမ်းစုစည်း ဥပေဒ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရသူတွေ၊ ရပ်ရွာ အေးချမ်းသာယာ ရေးကို ပျက်စီး စေလို့ ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံထားရသူ တွေ စသဖြင့် နိုင်ငံရေး အမှု လို့ သတ်မှတ်နိုင်တဲ့ အမှု ကိစ္စတွေ အကြုံးဝင်မှာ ဖြစ်တယ်လို့ ရဲမှူးကြီး ထွန်းမင်း က ဆိုပါတယ်။

ရုံးပြန်ဖွင့်မယ့် ကြာသာပတေး နေ့ ဧပြီလ ၂၁ ရက် က စပြီး တရားရုံး ရုံးချိန်း ရှိတဲ့ အမှု ကိစ္စတွေ ကို အမှု ရုတ်သိမ်း တဲ့ လုပ်ငန်းစဉ် တွေ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

လောလောဆယ် အတိတကျ မပြောနိုင် သေးပေမယ့် အမှုပေါင်း ရာကျော် ရုတ်သိမ်း ပေးလာ နိုင်ပြီး၊ ဧပြီလ အကုန် ထဲမှာပဲ အမှု အကုန် ပြီးပြတ် သွား နိုင်တယ်လို့ ရဲမှူးကြီး ထွန်းမင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ