မိုးသီးကြွေတာ တတိယနေ့မြောက် ဆက်လက် ဖြစ်ပေါ်

_hailstones_burma_
Image caption ရာသီ ဥတု ဆိုးရွား ဖောက်ပြန် မှုကြောင့် အခုဆိုရင် သေဆုံးသူ ၁၀ ယောက် ကျော် သွားပြီ ဖြစ် သလို လူနေအိမ် ခြေ တွေ ရာပေါင်း များစွာ ပျက်စီး။

မြန်မာ နိုင်ငံ မှာ မကြုံစဖူး အရွယ်အစား ကြီးမားတဲ့ မိုးသီးကြွေတာ တွေ ၊ လေပြင်း ကျရောက် တာတွေ ၃ ရက် မြောက် အဖြစ် စစ်ကိုင်း တိုင်း ထဲမှာ တနင်္ဂနွေနေ့က ဆက်လက် ဖြစ်ခဲ့တာ မှာ ပင်လယ်ဘူး မြို့နယ် ထဲ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ရပါတယ်။

ရာသီ ဥတု ဆိုးရွား ဖောက်ပြန် မှုကြောင့် အခုဆိုရင် သေဆုံးသူ ၁၀ ယောက် ကျော် သွားပြီ ဖြစ် သလို လူနေအိမ် ခြေ တွေ ရာပေါင်း များစွာ ပျက်စီးပြီး၊ ဆိတ်၊ နွား၊ ဝက် တွေ အပါအဝင် တိရိစ္ဆာန် တွေ လည်း ကောင်ရေ အမြောက်အများ သေကြေ ခဲ့ရပါတယ်။

သောကြာ နေ့ က ကျခဲ့တဲ့ မိုးသီး ဒဏ်ကြောင့် ရွာလုံးကျွတ် နီးပါး ပျက်စီး ခဲ့ရပြီး လူ အသေ အပျောက် တွေ ဖြစ်ပေါ် ခဲ့တဲ့ မန္တလေး တိုင်း၊ ကျောက်ဆည် မြို့နယ် ထဲက ရေသယောက် ကျေးရွာ မှာ တော့ ကလေးငယ် နှစ်ဦး ဆက်လက် ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

ထိခိုက် ခဲ့ရတဲ့ ဒေသခံတွေ အတွက် ပျက်စီး ဆုံးရှုံး ခဲ့ရတဲ့ အိမ်ရာ တွေ အပါအဝင် လုပ်ကိုင် စားသောက် ဖို့ ကျွဲနွား တိရိစ္ဆာန် လည်း ထောက်ပံ့ ပေးဖို့ လိုအပ် တယ် လို့ ဒုက္ခသည် တွေ ကို ကူညီ ပေး နေတဲ့ အလင်းရောင် ပရဟိတ အဖွဲ့က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသ တွေမှာ အခု ရက် ပိုင်းတွေ အတွင်း မိုးသီးကြွေတာ၊ မိုးသက် လေပြင်း ကျတာ နဲ့ မိုးကြိုးပစ်တာ တွေ ဆက်လက် ဖြစ်ပေါ် နိုင်တယ်လို့ အစိုးရ မိုးလေဝသ ဌာန က သတိပေး ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ