ကချင်ပါတီက USDP နဲ့ မဟာမိတ်ပယ်ဖျက်

USDP Party ဓာတ်ပုံ မူပိုင် usdp
Image caption ပါတီက ထုတ်ပယ်လိုက်တဲ့ သူရဦးရွှေမန်းက ကချင်ပြည်နယ် အရေး ကူညီတယ်လို့ဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ ငါးနှစ်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ်က မဟာမိတ် အဖြစ်ကနေ ပယ်ဖျက်တော့မှာ ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းမှာ တရားဝင် ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ပါတီ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဒေါ်ဒွဲဘူက ဘီဘီစီကို ပြောပါတယ်။

မဟာမိတ် အဖြစ်လက်တွဲခဲ့တဲ့ အချိန်မှာ အထောက်အကူ ဖြစ်ခဲ့တာတွေ ရှိသလို အဆင်မပြေ တာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ် အကျိုး အတွက် ကိုယ့်ပါတီ မူဝါဒနဲ့ကိုယ် ချမှတ်ဆောင်ရွက်ချင်လို့ မဟာမိတ် ပါတီအဖြစ်ကနေ လက်တွဲ ဖြုတ်ရတာလို့ ဒေါ်ဒွဲဘူက ဆိုပါတယ်။

သူရ ဦးရွှေမန်း အပါအဝင် မကြာခင်ကမှ ကြံ့ခိုင်ရေး ပါတီကနေ ထုတ်ပယ်လိုက်တဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ်က ပိုမို ရင်းနှီးပြီး အတူလက်တွဲလုပ်ဆောင်တာတွေ ရှိခဲ့တဲ့ အတွက် အခု နှုတ်ထွက်တာ အဲဒါနဲ့ ပတ်သက်သလား ဆိုတာကိုတော့ ဒေါ်ဒွဲဘူက မဟုတ်ကြောင်း ပြောပါတယ်။

ပါတီချင်း ဆက်လက် လက်တွဲမတွဲ ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဆုံးဖြတ်ရာမှာတော့ သူရဦးရွှေမန်း က ပါတီမှာ ရှိနေတုန်းမို့ ဆက်လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ သူကပြောပါတယ်။

အဲဒီလို လက်တွဲဖို့ ဆုံးဖြတ်ပြီးနောက်မှာ ကြံ့ခိုင်ရေး ပါတီရုံးခန်းကို သန်းခေါင်ကျော် ဝင်ရောက် စီးနင်းတာဖြစ်ခဲ့ပြီး အဲဒီအပေါ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီက စိတ်မကောင်း ဖြစ်မိတယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ