KNU ကရင် အမျိုးသား ညီလာခံ ကျင်းပ

Image caption နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပတဲ့ အခါ ကရင် အမျိုးသား တစ်ခု လုံး ရဲ့ သဘောထား ကို တင်ပြ နိုင်ဖို့ ဖြစ်

NCA တပြည်လုံး အပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးဟာ လေးဝါးစခန်းမှာ မေလ ၁၆ ရက်နေ့ ကစပြီး ၅ ရက် ကြာ ကရင် အမျိုးသား ဆွေးနွေး နှီးနှော ဖလှယ် ပွဲ ကို ကျင်း ပ နေပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ ကိုဆက်သွားဖို့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပြည်တွင်း ပြည်ပက ကရင်လူထု အခြေပြု အဖွဲ့တွေနဲ့ ဆွေးနွေး နေတာ ဖြစ်ပါတယ်။

KNU အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်း က ဆွေးနွေး ဖလှယ်ပွဲနဲ့ ပတ်သက် လို့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပတဲ့ အခါ ကရင် အမျိုးသား တစ်ခု လုံး ရဲ့ သဘောထား ကို တင်ပြ နိုင်ဖို့ အခု လို ဆွေးနွေးပွဲ ကို ကျင်းပရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲ ကို ပြည်တွင်း ပြည်ပ ကရင်အဖွဲ့အစည်း ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်တာ ကိုတွေ့ရပါတယ်။

ဒါပေမဲ့ NCA အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ်ထိုးထားတဲ့ တခြား ကရင် လက်နက်ကိုင် အဖွဲ့တွေ တက်ရောက်တာကိုတော့မတွေ့ရပါဘူး။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နော်အုန်းလှ က လက်လှမ်းမီ သလောက်နဲ့ နိုင်သလောက် လုပ်ခဲ့တာကြောင့် တခြား ကရင် အဖွဲ့ အစည်းတွေ မတက်ရောက် နိုင်တာ ဖြစ်မယ်လို့ သူ့ရဲ့ ထင်မြင်ချက် ကို ပြောပါတယ်။

အခု ပထမဆုံး ပြုလုပ်တဲ့ ကရင် အမျိုးသား ဆွေးနွေး ဖလှယ်ပွဲ ကနေပြီး တိုင်းရင်းသား အားလုံး အတွက် အရေးပါတဲ့ ဆွေးနွေးပွဲ တစ်ခု အဖြစ် ခံယူထားတယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေ က နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စ၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊မြေယာနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေ ကို ၅ ရက်ကြာ ဆွေး နွေးကြမယ်လို့သိရပါ တယ်။

အစိုးရသစ်က NCA တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထား တာကို အသိအမှတ်ပြုပြီး၊နိုင်ငံရေးဆွေးနွေးပွဲအတွက် KNU ကို တိုက်ရိုက် ဆက်သွယ် လာတာ မရှိသေးပေမယ့် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကနောက် ၂ လကျော်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တာကြောင့် ကြိုတင် ပြင်ဆင်တာလို့ KNU က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ