ရန်ကုန် စည်ပင် ကော်မတီဝင်တွေကြား အငြင်းပွား

ဓာတ်ပုံ မူပိုင် ycdc
Image caption တာဝန်က ရပ်စဲခံ ရတဲ့ ကော်မတီဝင်တွေ ဘက်ကတော့ အခုလို လုပ်တာ က တရား ဥပဒေနဲ မညီ ဘူးလို့ပြော

ရန်ကုန်မြို့တော်ဝန် အသစ် ကရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ပြီး ၂၀၁၄ ရွေးကောက်ခံ ကော်မတီဝင် တစ်ချို့ကို တာဝန်က ရပ်စဲလိုက်ပါတယ်။

တာဝန်က ရပ်စဲခံ ရတဲ့ ကော်မတီဝင်တွေ ဘက်ကတော့ အခုလို လုပ်တာ က တရား ဥပဒေနဲ မညီ ဘူးလို့ပြောပါတယ်။

မြို့တော်ခန်းမမှာပဲ ကော်မတီ တာဝန် တွေကို ဆက်လက် ထမ်းဆောင်နေ ကြပါတယ်။

အစိုးရသစ် က တင်မြှောက်လိုက်တဲ့ မြို့တော်ဝန်သစ်က ဇောတိက ဦး ခင်လှိုင်၊ ဦဌေးအောင်၊ ဦးခင်မောင်တင့် စတဲ့ ၂၀၁၄ တုန်းက ရွေးချယ် ခံခဲ့ ရပြီး ကော်မတီဝင် ဖြစ်လာသူတွေ ကို တာဝန်ရပ်စဲလိုက်တာပါ။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ နည်း ဥပဒေကို ပြင်ဆင်တဲ့ နည်းဥပဒေ အသစ် ကို မေလ ၁၆ ရက်နေ့မှာ မြို့တော်ဝန်သစ် က ပြဌာန်းခဲ့ပါတယ်။

အဲဒီပြင်ဆင်ချက်အရ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှာ လက်ရှိ တာဝန် ထမ်းဆောင် နေကြတဲ့ ကော်မတီ အဖွဲ့ဝင်များ အားလုံး တာဝန်မှ ရပ်စဲ လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ခံ ကော်မတီ ဝင် ၄ ဦးနဲ့ ပတ်သက်ပြီး နည်းဥပဒေမှာ နောက်လာမယ့် ရွေးကောက်ပွဲ မလုပ်မချင်း ကော်မတီဝင် ၄ ဦးက ရဲ့ သက်တမ်းက ဆက်ရှိ နေတယ်လို့ ကော်မတီဝင် တစ်ဦး ဖြစ်သူ ဇောတိက ဦးခင်လှိုင် က ပြောပါတယ်။

အခုလိုဖြစ် ရ တာက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆင့် ဆင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေမှာ ကော်မတီဝင်များ၏ တာဝန် ထမ်းဆောင် ရမည့် သက်တမ်းကို တိကျစွာဖော်ပြ မထားလို့ ဆိုတဲ့ သုံးသပ်မှု တွေလည်း ရှိပါတယ်။

မြို့တော်ဝန်က ပြင်ဆင်တာနဲ ပတ်သတ်လို့ ဒီဥပဒေ ကို စတင် ကျင့်သုံး ဖို့ တွန်းအားပေး ခဲ့ သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက နည်းဥပဒေကို အစိုးရ အဖွဲ့ရဲ့ သဘောတူညီချက် နဲ့ ထုတ်လို့ ရတယ်လို့ ပြောပါတယ်။

ဥပဒေအရကို ပြီးခဲ့တဲ့ အစိုးရ သက်တမ်း ကုန်ကတည်းက ရွေးချယ်ခံ ကော်မတီဝင် ၄ ဦးရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်း ကလည်း ကုန်ဆုံး ခဲ့ပြီ ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်း က ပြောပါတယ်။

အရင်ကလည်း ရန်ကုန် မြို့တော် စည်ပင် အဖွဲ့ ဝင်တွေကြား မှာ အားပြိုင်မှု တွေရှိ ခဲ့ပါတယ်။

ယခု အစိုးရသစ် လက်ထက်မှာကော်မတီ အသစ် ဖွဲ့ဖို့ ကြိုးပမ်း တဲ့ အချိန်မှာ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၄ ရွေးကောက်ခံ စနစ်နဲ့ ရန်ကုန်မြို့တော် စည်ပင် ကော်မတီအဖွဲ့ဝင် ဖြစ်လာ သူတွေက မြို့တော်ဝန် ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီ တာကြောင့် ဆက်လက် တာဝန်ထမ်းဆောင် မှာဖြစ်ကြောင်း ဘီဘီစီ ကိုပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ