ရိုဟင်ဂျာ အသုံးအနှုံး ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့

_kerry_myanmar
Image caption မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းဖို့ပဲ ဖြစ်တယ်လို့ ဝန်ကြီး ကယ်ရီက ဆိုပါတယ်။

မြန်မာနိုင်ငံကို မေလ ၂၂ ရက်နေ့က လာရောက် ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အင်မတန် ထိလွယ်ရှလွယ်၊ သဘောထား ကွဲလွယ်တဲ့ ရိုဟင်ဂျာ အရေးကိစ္စ အကြောင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ကြား ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

“ပြဿနာ ဖြေရှင်းရေး အပေါ် အာရုံစိုက်ဖို့ အရေးကြီးတယ်၊ ဒါမှ မြေပြင် လက်တွေ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာမယ်၊ ဖွံ့ဖြိုးရေး ကိစ္စတွေနဲ့တကွ လူ့ အခွင့်အရေးကို လေးစား တတ်လာအောင် မြှင့်တင်ပေးပြီး ရခိုင် အပါအဝင် မြန်မာနိုင်ငံ တနံတလျားမှာ နေထိုင် ကြသူတွေ အားလုံး အတွက် အကျိုး ရှိစေရမှာ ဖြစ်တယ်” လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး နေရာနဲ့ တိုင်းပြည်ကို လက်တွေ့ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာ အရေး ကိစ္စကို ကိုင်တွယ်ဖို့ ဆိုရင် လုံလောက်တဲ့ အချိန် အတိုင်းအတာ လိုအပ်တယ်လို့ ဆိုပါတယ်။

တခါ၊ အမေရိကန် က မြန်မာ နိုင်ငံအပေါ် ဆက်လက် ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ နဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံဘက်က ဆက်လက် လုပ်ဆောင် ရမှာတွေ ရှိနေသေးတယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

စီးပွားရေး ပိတ်ဆို့ ကန့်သတ် တာတွေ အားလုံး ရုတ်သိမ်း ဖို့ ဆိုရင် အဓိက သော့ချက်ကတော့ မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းဖို့ပဲ ဖြစ်တယ်လို့ ဝန်ကြီး ကယ်ရီက ဆိုပါတယ်။

မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု တချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန်က ဖြေလျော့ ပေးခဲ့ ပေမယ့် မြန်မာ့ နိုင်ငံရေးထဲ ဩဇာကြီး နေဆဲ ဖြစ်တဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ လုပ်ငန်း ကုမ္ပဏီ တွေ အပေါ်မှာတော့ ဆက်လက် ပိတ်ဆို့ ကန့်သတ် ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ