မန္တလေး ဧရာဝတီမြစ်ဘေးက သူတွေအတွက် တိုက်ခန်း မလုံလောက်

_mandalay_squatters_housing
Image caption တိုက်ခန်း မရသူတွေ ဘက်က မကျေ မနပ် ပြောဆို။

မန္တလေး မြို့ ဧရာဝတီ မြစ်ကမ်းဘေး မြစ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်ရင်း ပျံကျ တဲတွေ ထိုး နေထိုင် နေသူတွေ ထဲက မဲနှိုက် ရွေးချယ်ပြီး အငှား တိုက်ခန်းတွေ ချပေး နေတာမှာ၊ တိုက်ခန်းပေါင်း တစ်ထောင့် ငါးရာကျော်ကို မနေ့ကတော့ အပြီးသတ် မဲနှိုက် ပေးခဲ့ပြီ ဖြစ်ပါတယ်။

သောင်းနဲ့ချီ ရှိတဲ့ လူဦးရေ နဲ့ နှိုင်းယှဉ်ရင် အခု နေရာ ချပေး နိုင်ခဲ့တဲ့ တိုက်ခန်း အရေ အတွက်ဟာ နည်းပါး လွန်းပြီး၊ တိုက်ခန်း မရသူတွေ ဘက်က မကျေ မနပ် ပြောဆို နေကြတယ် လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

တစ်မိသားစု ထဲကနေ ၂ ခန်း ၃ ခန်း ရ သွားတဲ့ သူတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲ ပြောဆို မှုတွေကိုတော့ မန္တလေး မြို့တော် စည်ပင်ရဲ့ စီမံဌာနမှူး ဦးစောထွန်းဦး ငြင်းဆို ခဲ့ပါတယ်။

အိမ်ထောင်စုစာရင်း သီးခြားစီ ရှိကြတဲ့ အိမ်ထောင်ခွဲ သား၊သမီး တွေပါ အခန်း သီးသန့် ရတာမျိုးတော့ ရှိကောင်း ရှိနိုင်မယ်လို့ ဆိုပါတယ်။

အရင် မန္တလေးတိုင်း အစိုးရ အဖွဲ့ လက်ထက် ကတည်းက စတင် ဆောင်ရွက်ခဲ့တဲ့ ကျူးကျော်တဲ တွေ ပပျောက်ရေး စီမံကိန်း အနေနဲ့ ကျပ်ငွေ သိန်းပေါင်း တစ်သောင်း ကျော် သုံးစွဲပြီး အဆောက်အဦ ၂၂ လုံး၊ တိုက်ခန်းပေါင်း ၁၅၈၄ ခန်း တည်ဆောက်ကာ အငှား ချပေး ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခန်းရသူတွေ ကတော့ တစ်လကို ၃ သောင်း စည်ပင်ကို အခန်း ငှားရမ်းခ ပေးရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ