ကျောက်မျက် ရန်ပုံငွေ အလွဲသုံးမှု ဆိုင်ရာ ရှင်းလင်းပွဲတွေလုပ်

Burma Jade
Image caption အလွဲသုံးမှု မရှိကြောင်း ကျောက်မျက် ပြပွဲ တာဝန်ခံတွေ ငြင်းဆို

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်း ရန်ပုံငွေတွေ ထဲက စာရင်းပျောက် နေတယ် ဆိုပြီး လုပ်ငန်းရှင်တွေ တိုင်ကြားထားတဲ့ အမေရိကန် ဒေါ်လာ ၈၇ သန်း ကိစ္စနဲ့ပတ် သက်ပြီး တိုင်တဲ့သူ ဘက်ကရော ကျောက်မျက် ပြပွဲ ကော်မတီ ဘက်ကပါ ဇွန်လ ၂ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွေ ပြု လုပ်ခဲ့ကြပါတယ်။

အဲဒီ ရှင်းလင်းပွဲတွေကို ကျောက်မျက် လုပ်ငန်းရှင်များ အသင်းက ရန်ကုန်မှာ ပြုလုပ်ခဲ့ပြီး တိုင်ကြားခံရသူတွေဘက်က ဝန်ကြီးဟောင်းတွေက နေပြည်တော်မှာ ပြုလုပ်ခဲ့ တာပါ။

နေပြည်တော် မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်ရှင်းလင်းခဲ့သူ သတ္တုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က တိုင်ကြားသူတွေ စွပ်စွဲသလို့သမ္မတ ဦးသိန်းစိန်ကို အမေရိကန် ဒေါ်လာ ၇ သန်းနဲ့ ဦးစိုးသိန်းကို ၅ သန်း ပေးခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်နဲ့ မန္တလေးမြို့မှာ အနုပညာစင်တာ ဆောက်လုပ်ဖို့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက အလူခံတဲ့အတွက် ဒေါ်လာ တစ်သန်းလူ ဒါန်းတယ်လို့တော့ သူက ပြောခဲ့ပါတယ်။

ရန်ပုံငွေတွေကို ကျောက်မျက် တူးဖော်တဲ့ ဒေသတွေ ဖွံဖြိုးရေးနဲ့ ဖားကန့်မြို့ရှောင်လမ်း ဖောက်လုပ်ဖို့ နေပြည်တော်မှာ ကျောက်မျက် သင်တန်းကျောင်းနဲ့ One Stop Service စင်တာ အတွက်အသုံး ပြုခဲ့ ကြောင်းလည်း ဒေါက်တာမြင့်အောင်က ရှင်းပွဲမှာပြော ခဲ့ပါတယ်။

ကျောက်မျက် ဗဟိုကော်မတီ ရန်ပုံငွေဆိုတာကလည်း ကျောက်မျက်လုပ်ငန်းရှင်း အားလုံးဆီက ကောက်ခံတာမဟုတ်ပဲ ကျောက်မျက် ပြပွဲတွေမှာ ရောင်းချတဲ့ သူတွေထံက ကောက်ခံတာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

အခုလို တိုင်ကြားတာဟာ လဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်ပြုလုပ်တာလို့လည်း ဝန်ကြီးကပြောပါတယ်။

တိုင်ကြားသူတွေ ဖက်ကတော့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ပဲ အသင်းသားတွေစုထားတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် သုံးစွဲမှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းသိချင်လို့သာ ဖြစ်တယ်လို့ ဦးဆောင်တိုင်ကြားသူ ကျောက်မျက် လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက ပြောပါတယ်

ဒီကိစ္စကို ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေးကော်မရှင်ထံ ဦးတည် တိုင်ကြားခဲ့ပြီး မိတ္တူကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကိုလည်း ပို့ခဲ့ပါတယ်။

အခွန်ငွေ ၁ ရာခိုင်နှုန်း ကောက်ထားတဲ့ စာရင်းဇယားကို ချပြပြီး ငွေတွေကို ဘယ်မှာ သုံးတယ် ဆိုတာ တိတိကျကျ သိရအောင် စုံစမ်းဖို့ တောင်းဆိုတဲ့ တိုင်ကြားမှုကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဌာနက စုံစမ်းရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာ မသမာတဲ့ လုပ်ဆောင်မှုတွေ မတွေ့ရဘူးလို့ စုံစမ်းရေး အဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ