ရှမ်းပါတီနဲ့ အဖွဲ့အစည်း တွေ တောင်ကြီးမှာ တွေ့ဆုံနေ

Image caption ရှမ်းပြည်နယ်က အဖွဲ့အစည်း ပေါင်းစုံ တက်ရောက်

ဆွေးနွေးပွဲကို ရှမ်းပြည် ညီညွတ်ရေး ကော်မီတီ (Committee for Shan State Unity) က ဦးဆောင် ကျင်းပတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ ၁၉ ခု အပြင် ရှမ်းပြည်နယ် က အရပ်ဖက် အဖွဲစည်းတွေ၊ ရှမ်း လက်နက်ကိုင် အဖွဲ့အစည်း တွေက ကိုယ်စားလှယ် တွေလည်း တက်ရောက် ကြပါတယ်။

ဖက်ဒရယ် စံနစ် နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ဆွေးနွေးကြတာတွေလည်း ရှိ ပါတယ်။

ရှမ်းပြည် ညီညွတ်ရေး ကော်မီတီ အလှည့်ကျ ဥက္ကဌ ဦးခွန် ထွန်းဦး ကတော့ ၁၉၄၇ ပင်လုံ ကတိကဝတ်ကို အကောင်အထည် ဖော်သွားဖို့ တိုင်းရင်းသား တွေ ဘက်က လိုလားလျက် ရှိကြောင်း ပြောသွား ခဲ့ပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ ဒီပွဲကို ဒီနေ့တက်ရောက် လာခြင်း မရှိဘဲ မနက်ဖြန်မှ တက်ရောက်ဖို့ ရှိတယ်လို့ ပွဲစီစဉ်သူ တွေက ပြောပါတယ်။

ဒီနီးနှော ဖလှယ်ပွဲ ကို နှစ်ရက်ကြာ ကျင်းပဖို့ ရှိပြီး ဖက်ဒရယ် အရေး၊ တိုင်းရင်းသား တန်းတူရေး၊ အနာဂတ် ပြည်ထောင်စု အတွက် ဖွဲ့စည်းမှုဆိုင် မူပုံစံ တွေကိုဆွေးနွေး ကြမှာဖြစ်ပါတယ်။

ဒီနီးနှော ဖလှယ်ပွဲ ကနေ အားလုံး သဘောတူတဲ့ ဘုံသဘော တူညီ ချက် ရဖို့ တော့ မျှော်လင့်လို့ မရပါဘူး။

ဒီ ပွဲက ထွက်ပေါ်လာ တဲ့ တွေ့ရှိချက် စာတမ်းကို ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြသွားမှာ ဖြစ်တယ် လို့ဆိုပါတယ်။