ရန်ကုန်မြို့ကြီး ရေမလျှံစေဖို့ ဦးစားပေး ဆောင်ရွက်မယ်လို့ မြို့တော်ဝန် ပြော

_yangon_flooding ဓာတ်ပုံ မူပိုင် bbc
Image caption ရေကြီး ရေလျှံ မှုတွေ မဖြစ်ပေါ် ရအောင် ပထမ ဦးစားပေး ဆောင်ရွက်မယ်။

ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက သူ့ အနေနဲ့ ဦးစားပေး ဆောင်ရွက်မယ့် အကြောင်းချင်းရာ ၃ ခု ရှိတယ် ဆိုပြီး ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံတုန်း ပြောပါတယ်။

အခု မိုးတွင်းကာလ ရန်ကုန်မြို့ရဲ့ လမ်းတွေ ပေါ် ရေကြီး ရေလျှံ မှုတွေ မဖြစ်ပေါ် ရအောင် ပထမ ဦးစားပေး ဆောင်ရွက်မယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး နံပါတ် နှစ် ဦးစားပေး ကိုင်တွယ်ချင်တာ ကတော့ မြို့တော် ရဲ့ လမ်းဘေး စျေးရောင်း နေသူတွေ စည်းစနစ် တကျ ရှိစေဖို့ ဖြစ်ပြီး၊ နံပါတ် သုံး အနေနဲ့ ကျူးကျော် နေထိုင်မှုတွေ ရဲ့ အရင်းခံ အကြောင်းအထိ အဖြေရှာ နိုင်ဖို့ ကြိုးစားမယ်လို့လည်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုပါတယ်။

မြို့တော်ရဲ့ လမ်းတွေပေါ် ယာဉ်ကြော ပိတ်ဆို့ နေတာတွေ၊ လျှပ်စစ်မီး မလောက်မငှ ဖြစ်နေတာတွေ နဲ့ ပတ်သက် ပြီးတော့လည်း မြို့တော်နေ ပြည်သူတွေ ဘက်ကလည်း စည်းကမ်း တကျနဲ့ ယာဉ်စည်းကမ်း လိုက်နာတာမျိုး၊ လျှပ်စစ်မီးကို အလဟဿ မဆုံးရှုံး စေပဲ သုံးစွဲ တာမျိုးတွေ ကျင့်ကြံရမယ်လို့ ဘီဘီစီကို ပြောပါတယ်။

လန်ဒန်မြို့ကို ဆွေးနွေးပွဲတက်ဖို့ ရောက်နေတဲ့ မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးကို ဘီဘီစီ စတူဒီယိုကို ဖိတ်ခေါ်ပြီး သီးသန့် မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ