ဘီဘီစီ သတင်းထောက် ထောင်ဒဏ် ချမှတ် ခံရ

Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကရုဏနဲ့ တရားစီရင်ဖို့ ပန်ကြားထားမှု ကိုလည်း သွေဖယ် နေ

မန္တလေး အခြေစိုက် ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်း ခေါ် ကိုနေလင်းကို ရာဇဝတ်ပြစ်မှု ပုဒ်မ ၃၃၂နဲ့ ချမ်းမြသာစည် မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃လ ချမှတ်လိုက်ပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ ရဲကို နာကျင်စေခဲ့မှုနဲ့ ချမ်းမြသာစည် အမှတ် ၁၁ ရဲစခန်းက ဒုတပ်ကြပ် ဘမော်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ၂၀၁၅ခုနှစ် မတ်လတွင်းက မန္တလေးမြို့မှာ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြစဉ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီး ရဲတပ်ဖွဲ့ဝင်တဉီး မျက်ခုံးကွဲ ဒဏ်ရာ ရခဲ့တာပါ။

အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ က ပြင်းထန်လွန်းပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကရုဏနဲ့ တရားစီရင်ဖို့ ပန်ကြားထားမှု ကိုလည်း သွေဖယ် နေတယ်လို ကိုနေမျိုးလင်း ရှေ့နေ ဖြစ်သူ က ပြောပါတယ်။

အမှုကို လိုက်ပါ ဆောင်ရွက် နေတဲ့ ရှေ့နေ ဉီးသိန်းသန်းဉီး က ပြည်သူ့ ဝန်ထမ်း ကို တမင် နှောင့်ယှက်လိုတဲ့ သဘောမျိုး မဟုတ်တာကြောင့် ပြန်လွှတ် လို့ ရတဲ့ အမှုမျိုး ဖြစ်ပြီး ပြစ်ဒဏ် နဲ့ ပတ်သက်လို့ အယူခံဝင် သွားမယ်လို့ ဆိုပါတယ်။

ကိုနေမျိုးလင်း ပြန်လည် လွတ်မြောက်လာရေးအတွက် ကိုနေမျိုးလင်းရဲ့ ရှေ့နေနဲ့အတူ ဘီဘီစီက အပြည့်အဝ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ