သိန်း၁၀၀အောက် တိုက်ခန်းတွေ ဆောက်ဖို့ စီစဉ်နေ

Image caption သိန်း၁၀၀အောက်တန် တိုက်ခန်းတွေကို ဒဂုံမြို့သစ်နဲ့ လှိုင်သာယာ ဧရိယာတွေမှာ ဆောက်မယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သိန်း ၁၀၀ အောက် ငွေနဲ့ရနိုင်မယ့် အိမ်ယာ တိုက်ခန်းတွေ တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန က ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

နှစ်နှစ်တာ ကာလအတွင်း ၄၀၀ စတုရန်းပေ ရှိတဲ့ အိမ်ခန်းပေါင်း ၈၀၀၀ကို ဒဂုံမြို့သစ်နဲ့ လှိုင်သာယာ ဧရိယာတွေမှာ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ယာ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အိမ်ယာ လုံလုံလောက်လောက် ဆောက်လုပ် နေရာချထားဖို့အတွက် လောလောဆယ် ရင်ဆိုင်နေရတဲ့ အခက်အခဲက မြေလိုအပ်ချက် ဖြစ်တယ်လို့ သူက ပြောပါတယ်။