ရခိုင်စစ်ပွဲတွေကြောင့် လယ်ဧက ထောင်ချီ မစိုက်နိုင် ဖြစ်နေ

_rakhine ဓာတ်ပုံ မူပိုင် epa
Image caption ဘူးသီးတောင်မြို့နယ် ထဲက ကျေးရွာ တချို့မှာလည်း အစိုးရ စစ်တပ်က ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ရွာပြင် မထွက်ဖို့ အမိန့် ထုတ်ထား။

ရခိုင်ပြည်နယ် အတွင်း အစိုးရ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် အေအေတပ် အကြား ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လယ်ဧက ထောင်ချီပြီး မစိုက်ပျိုးနိုင် ဖြစ်နေရတယ် ဆိုပြီး ဒေသခံ လယ်သမား တွေက ပြောပါတယ်။

စစ်ဘေး ဒုက္ခသည် လယ်သမားတွေ မိမိတို့ရဲ့ နေရပ်ရင်း မပြန် နိုင်သေးလို့ လယ် မစိုက် နိုင်တာ ဖြစ်သလို၊ ကိုယ့်ရွာ မှာ ကိုယ် နေရင်းသား ရွာပြင် ခပ်လှမ်းလှမ်းက လယ်တွေ ဆီ လုံခြုံရေး အခြေအနေ ကြောင့် ထွက်ပြီး အလုပ် မဝံ့ ကြလို့ အခုလို စိုက်ပျိုး မြေ လယ် ဧက ထောင်ချီ ပြီး အလဟဿ ဖြစ်နေ ကြရတယ်လို့ ဆိုပါတယ်။

မကြာခင် ကပဲ တိုက်ပွဲ ဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ထဲက ကျေးရွာ တချို့မှာလည်း အစိုးရ စစ်တပ်က ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ရွာပြင် မထွက်ဖို့ အမိန့် ထုတ်ထားတယ် ဆိုပြီး ကျေးရွာ လူကြီး တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာ အနီးက ကျေးရွာတွေမှာ အစိုးရ စစ်ကြောင်းတွေ ထိုးနေတဲ့ အတွက် ရွာပြင် ၄-၅ မိုင် လှမ်းတဲ့ လယ်တွေကို ထွန်ယက် စိုက်ပျိုးဖို့ မဖြစ်နိုင် သလို၊ ရွာခံ လယ်သမား တွေ အနေနဲ့ တောတောင်တွေ တက်ပြီး လယ်ထွန် အပ်ကိုင်း ခုတ်တာတွေ ၊ လယ်တဲဆောက်ဖို့ ဝါးတွေ သစ်တွေ ခုတ်တာမျိုးတွေ မပြုလုပ်နိုင်ဘဲ ဖြစ်နေ ကြရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ